အမည်မသိလက်နက်ကိုင်တွေခေါ်ဆောင်သွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို စုံစမ်းပေးဖို့တောင်းဆို

ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ် / Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၉ ရက်နေ့က အမည်မသိလက်နက်ကိုင် ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ တောင်မင်းကုလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနုကို စုံစမ်းပေးဖို့ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၄၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ထံ မနေ့က တောင်းဆိုလိုက်ပါတယ်။

အသက် ၄၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ တောင်မင်းကုလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနု ပျောက်ဆုံးနေတဲ့ကိစ္စဟာ စိုးရိမ်စရာဖြစ်လာတဲ့အတွက် အခုလို စာရေးသားတောင်းဆိုတာလို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

တောင်မင်းကုလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီအချိန်လောက်မှာ သံချောင်းကျေးရွာက သူ့ရဲ့နေအိမ်ကနေ အမည်မသိ လက်နက်ကိုင်တွေက ခေါ်ယူသွားတာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းကို တိုင်ကြားထားသလို ဒေသခံတွေနဲ့ မိသားစုဝင်တွေက စုံစမ်းရှာဖွေနေကြပေမယ့်လည်း ဒီနေ့အထိ ဘာသတင်းအစအနမှ မရသေးဘူးလို့ သူ့ရဲ့မိတ်ဆွေတွေက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
အမည်မသိလက်နက်ကိုင်တွေခေါ်ဆောင်သွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို စုံစမ်းပေးဖို့တောင်းဆို အမည်မသိလက်နက်ကိုင်တွေခေါ်ဆောင်သွားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို စုံစမ်းပေးဖို့တောင်းဆို Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.