ဆော်ဒီအာရေဗျ အစိုးရက ရိုဟင်ဂျာ ၂၅ဝ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ပို့မည်

-ဆော်ဒီအာရေဗျနိုင်ငံက ထိန်းသိမ်းရေးစခန်းတခုမှာ တွေ့ရတဲ့ ရိုဟင်ဂျာများ။(Photo: Nay San Lwin)
 ဆော်ဒီအာရေဗျနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာ ၂၅ဝ ကို မကြာခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အာဏာပိုင်တွေက ပြန်လည်ပို့ဆောင်တော့မယ်လို့ အယ်လ်ဂျဇီးရား သတင်းဌာနက ကြေညာလိုက်ပါတယ်။

ဆော်ဒီ အစိုးရက ရိုဟင်ဂျာ တွေကို အခုလို ပြန်ပို့တာ ဒုတိယအကြိမ် ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်နေသူ ကိုနေဆန်းလွင်က ရိုဟင်ဂျာ အများစုဟာ နေထိုင်ခွင့်လက်မှတ်တွေ ရှိကြလို့ ဆော်ဒီအာရေဗျနိုင်ငံမှာ တရားဝင်နေခွင့် ရှိသူတွေ ဖြစ်ကြောင်း၊ အဖမ်းခံရပြီး ဂျက်ဒါမြို့မှာ အကျဉ်းကျနေသူတွေဟာ ထောင်ထဲမှာ လူလို ဆက်ဆံတာမခံရဘဲ ဒုစရိုက်သမားတွေလို ဆက်ဆံ ခံကြရကြောင်း အယ်လ်ဂျဇီးရား သတင်းဌာနကို ပြောသွားပါတယ်။

အခု ပြန်ပို့မယ်ဆိုတဲ့လူတွေကို တနင်္လာနေ့ညပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လေကြောင်းကနေ ပြန်ပို့ဖို့ စီစဉ်ထားပြီး ပို့ဖြစ်-မဖြစ် ဆိုတာတော့ မသိရသေးပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese/
ဆော်ဒီအာရေဗျ အစိုးရက ရိုဟင်ဂျာ ၂၅ဝ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ပို့မည် ဆော်ဒီအာရေဗျ အစိုးရက ရိုဟင်ဂျာ ၂၅ဝ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ပို့မည် Reviewed by THITHTOOLWIN on 11:00 Rating: 5
Powered by Blogger.