ဒီဇင်ဘာလ ၂၆။
လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စုတွင် နမ်းဟူးရွာသား ကိုRCSS/SSAတပ်ဖွဲ့မှပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၃ ဦး အနက် ဒီဇင်ဘာ ၂၅ ရက်ည ၉ နာရီကျော်အချိန်ခန့်တွင်စ၀်စံထွန်း ဆေးရုံ၌ ဆေးကုသခံယူနေစဉ် တစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
``မနေ့က ည ၉ နာရီကျော်မှာဆုံးသွားတယ်၊ ဒီနေ့သယ်ပြန်မယ် ဒီဇင်ဘာ ၂၇ ရက်နေ့ ၂ နာရီမှာ လွိုင်လင်သုဿန်မှာဘဲ သင်္ဂြိုလ်မယ်´´ဟု ဒေသခံ ခွန်မြင့်အောင်က ပြောသည်။
သေးဆုံးသူသည် ခွန်တ၀င်းကအကြီးဆုံးဖြစ်ပြီး သူကြီးခွန်ထွန်းဦး ခွန်သူရကအငယ်ဆုံးဖြစ်ကြောင်း၊ သူတို့မှာအဖေမရှိတော့ဘဲ အကြီးနှစ်ယောက်ဆုံးပြီးနောက် အမေဖြစ်သူမှာ အရမ်းစိတ်ထိခိုက်ပြီး မစားမသောက်နိုင်ဘဲ ယခုအငယ်တစ်ယောက်ပါ ထပ်ဆုံးသည့်အတွက် အမယ်အိုအတွက် အရမ်းစိတ်မကောင်းဖြစ်ရကြောင်း ၎င်းကဆက်ပြောသည်။
သေဆုံးသွားသည့် ခွန်သူရကို လွိုင်လင်မြို့ရှိ သင်္ဂြိုလ်ထားသည့်သည့် ရွာသား ၅ ဦးနှင့်အတူ ၄င်းသုဿန်တွင် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိနမ်းဟူးရွာတွင် လုံခြုံရေး မရှိသလို ရှမ်းစာဖြင့် ခြိမ်းခြောက် ပစ်စာရောက်လာသည့်အတွက် ရွာသားများကြောက်စိတ်နှင့်နေထိုင်နေရကြောင်း ဒေသခံ ပြောပြချက်အရ သိရသည်။
ရွာသားသေဆုံးမှုနှင့်ပတ်သက်ပြီး တရားမျှတမှု ရရှိရေး ဒီဇင်ဘာ ၂၁ ရက်နေ့က တောင်ကြီး မြို့ ပေါ်တွင် ပအိုဝ်းပြည်သူများက ဆန္ဒပြ တောင်းဆိုခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက် ညနေ ၄ နာရီ အချိန်တွင် RCSS/SSA လက်နက်ကိုင်အဖွဲ့က နမ်းဟူးရွာသူကြီး၊ ရပ်ကျေးဥက္ကဌ၊ ရပ်ကျေးရုံးစာရေးနဲ့ ကျောင်းကော်မတီဝင် ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တခြားရွာသားများက ဖမ်းဆီးခံရသူကိုလွတ်ပေးရန် လိုက်သွားစဉ် ပစ်ခတ်မှုဖြစ်ပြီး ရွာသား(၅)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရ ရှိခဲ့ကြောင်းသိရသည်။
သတင်း - နန်းခမ်းဟေမာန်
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor/
RCSS/SSA တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရပြီးဆေးကုသသူ တစ်ဦးထပ်မံသေဆုံ
Reviewed by THITHTOOLWIN
on
23:05
Rating: