ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ နောက်ဆုံးနှစ်ကျောင်းသားတစ်ဦး ဒီဇင်ဘာလ(၂၅)ရက်ညက ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ အမရပူရမြို့မရဲစခန်းက အတည်ပြုပါတယ်။
ရတနာပုံတက္ကသိုလ်အနီး ကန်ပတ်လမ်းမှာ သေဆုံးသူကျောင်းသားနဲ့ ချစ်သူမိန်းကလေးတို့ ထိုင်နေတုန်း ဆိုင်ကယ်နဲ့ အမျိုးသားတစ်ချို့ရောက်လာပြီး ဓားနဲ့ထိုးတာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဖြစ်စဉ်အတိအကျနဲ့ လုယက်မှုရှိ၊ မရှိကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ အမရပူရမြို့မရဲစခန်းက စခန်းမှူးက ပြောပါတယ်။
ရတနာပုံတက္ကသိုလ်အနီးတ၀ိုက်မှာ လုယက်ခံရမှုတွေ ၊ ဓားထိုးမှုတွေ ဖြစ်ပွားလေ့ ရှိတာကြောင့် လုံခြုံရေးချထားပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စာတင်ထားတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ပြောပါတယ်။ ဒါပေမယ့် ပြန်လည်အကြောင်းကြား တာမျိုးမရှိသလို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကလည်း တိုင်ကြားတဲ့ကာလအတွင်းမှာသာ လာရောက် လုံခြုံရေးပေးတယ်လို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်) ဥက္ကဋ္ဌ ကျော်သီဟရဲကျော်က ပြောပါတယ်။
သေဆုံးသူ မောင်စိုးမိုးဟိန်းဟာ ဓားဒဏ်ရာနှစ်ချက်နဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ည(၁၀)နာရီလောက်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းက ကျောက်ဆည်(GTI) ကျောင်းသား၊ ရတနာပုံဆိုက်ဘာစီးတီးက ကျောင်းသားတွေဟာ ပစ္စည်းလုယက်ကာ ဓားနဲ့ ထိုးခံရပြီး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် ကျောင်းသားတွေကြားမှာ စိုးရိမ်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။
5 PLUS NEWS
https://www.facebook.com/5plusnews
ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦး ဓားထိုးအသတ်ခံရ
Reviewed by THITHTOOLWIN
on
07:01
Rating: