ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ဒီဇင်ဘာ(၂၄)ရက် ည ၁၁ နာရီ ၄၆ မိနစ်ခန့်က စတင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနာ(၂၂၉)ဦးကို အချိန်မီရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီမီးလောင်မှုဟာ လက်တလောယူဆချက်တွေအရ ၀ါယာရှော့ဖြစ်တာလို့ သုံးသပ်ထားပြီး မီးလောင်မှုဖြစ်ပွားတဲ့ အချိန်မှာ လူနာတွေကို ဘေးလွတ်ကင်းရာနေရာကို အချိန်မှီပြောင်းရွှေ့ပေးထားနိုင်တာကြောင့် အထိအခိုက်မရှိဘူးလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
ဆုံးရှုံးမှုတန်ဖိုးတွေကိုတော့ တွက်ချက်နေတုန်းဖြစ်တယ်လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ခွဲမှူး ကိုမြင့်သိန်းက ပြောပါတယ်။
မီးကိုတော့ တစ်နာရီနီးပါး မီးငြိမ်းသတ်ခဲ့ရပြီး Level 3 အဖြစ်သတ်မှတ်ကာ မီးသတ်ယာဉ် အစီး (၅၀) ကျော် လာရောက်ငြိမ်းသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုဟာ ဆေးရုံရဲ့ အဆောင် ၃ အမျိုးသားဆောင်အပေါ်ထပ်မှာ စတင်လောင်ကျွမ်းခဲ့ တာဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
သတင်း- ရဲမင်းထွန်း
One News Myanmar
https://www.facebook.com/onenewsmyan
စိတ်ကျန်းမာရေးမီးလောင်မှုဖြစ်စဉ်တွင် လူနာများကို အချိန်မီရွှေ့ပြောင်းနိုင်
Reviewed by THITHTOOLWIN
on
08:23
Rating: