ယူကရိန်းနိုင်ငံအတွင်း Zhytomyr ဒေသက စစ်အခြေစိုက်စခန်းပေါ်မှာ ပျံသန်းနေတဲ့ Su-27 အမျိုးအစား တိုက် ဂျက်လေယာဉ်များ။ (ဒီဇင်ဘာ ၆၊ ၂၀၁၈) |
ရုရှားလိုလားတဲ့ ယူကရိန်းသမ္မတဟောင်း Viktor Yanukovich ယူကရိန်းနိုင်ငံမြို့တော် Kiev ကနေ ထွက်ပြေးသွားခဲ့ပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေနဲ့ ပဋိပက္ခတွေနောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ ရုရှားက သူ့အပိုင်အဖြစ်သိမ်းလိုက်တဲ့ ခရိုင်းမီးယားကျွန်းဆွယ်က Belbek လေတပ်စခန်းမှာ ဂျက် လေယာဉ် ၂ စီး ဆိုက်တာကို တွေ့ခဲ့ကြောင်း ရိုက်တာသတင်းထောက်တယောက်က သတင်းပေးပို့ ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ယူကရိန်းလေတပ်သင်္ဘော ၃ စီးနဲ့ ပါလာတဲ့သင်္ဘောသားတွေကို ရုရှားက ဖမ်းဆီးလိုက်တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ဖြစ်ရပ်ကြောင့် ရုရှားနဲ့ ယူကရိန်းတို့ အပြန် အလှန် အပြစ်တင်နေကြပြီး ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာနေတာ ဖြစ်ပါတယ်။ ဒီနှစ်ကုန်မကုန်ခင် ခရိုင်းမီးယားအနီးမှာ ယူကရိန်းက တခုခု တုံ့ပြန်တိုက်ခိုက်လိမ့်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က စွပ်စွဲ ပြောဆိုထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
ခရိုင်းမီးယားမှာ ရုရှား လေတပ်အင်အားဖြည့်
Reviewed by THITHTOOLWIN
on
11:50
Rating: