ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ကို တွေ့ရစဉ် / Photo: Khaymani Win/RFA |
မန္တလေးမြို့ မြို့တော်ခန်းမမှာ ဒီနေ့ကျင်းပတဲ့ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ တွေ့ဆုံပွဲမှာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူ ၃ ဦး လာရောက်ခြင်းမရှိတာနဲ့ ပတ်သက်လို့ ဆက်စပ်ပြောကြားလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ကော်မရှင်လုပ်ငန်းတာဝန်ဟာ နိုင်ငံ့တာဝန်ဖြစ်တာကြောင့် တာဝန်ကျေအောင်လုပ်ကြဖို့ကိုလည်း ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲကို မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးက အဖွဲ့ဝင် ၁၅၀ ခန့် တက်ရောက်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်းပေးပို့တာပါ။
RFA Burmese
https://www.rfa.org/burmese
ရွေးကောက်ပွဲကော်မရှင် တာဝန် မဆောင်ရွက်နိုင်ရင် နုတ်ထွက်နိုင်ကြောင်း ဥက္ကဋ္ဌ ပြော
Reviewed by THITHTOOLWIN
on
09:33
Rating: