ဒီဇင်ဘာ ၂၈
မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်အတွင်း နှင့် တက္ကသိုလ်ပတ်ဝန်းကျင် လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ ကျောင်းတွင်း လှုပ်ရှားမှု ပြုလုပ်မည့် ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကျောင်းသား (၃) ဦးအား ဒီဇင်ဘာ (၂၈) ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ကျောင်းတွင်း လှုပ်ရှားမှုပုံစံမှာ "မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကွယ်လွန်သူ (ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်) (လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇာနည်အောင်)နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး (ဗိုလ်မှူးကြီး ဦးကျော်ကျော်မင်း)၊ ပြည်ထဲရေးဝန်ကြီး (ဒုတိယဗိုလ်ချုပ်ကြီးဦးကျော်ဆွေ) ရတနာပုံတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ကွယ်လွန်သူ (ပါမောက္ခချုပ်ဒေါက်တာမောင်မောင်နိုင်)တို့အား နာရေးပို့ဆောင်ခြင်း" ဟူ၍ ဖြစ်သည်။
"နေ့ခင်းကြီးမှာ လှုပ်ရှားမှု လုပ်မလို့ရှိသေးတယ် ။ ကျောင်းတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ကလူတွေ တားတား ဖမ်းဖမ်းနဲ့ ဖမ်းသွားတာ " ဟု ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးကော်မတီ မှ ကိုဖုန်းမြင့်ကျော် က ပြောသည်။
ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ တို့အား အမှတ် (၁၀) စခန်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ရတနာပုံ ဗကသ အနေဖြင့် သန့်ရှင်းရေး နှင့် လုံခြုံရေး ဝန်ထမ်းများ တိုးမြှင့်ချထားရေးအတွက် အကြိမ်ကြိမ် တောင်းဆိုမှုများလုပ်ဆောင်နေသော်လည်း သက်ဆိုင်ရာ ဖြေရှင်းပေးခြင်းမရှိသေးကြောင်း သိရသည်။
နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
ကျောင်းတွင်း လှုပ်ရှားမှု ပြုလုပ်မည့် ရတနာပုံ ဗကသ ကျောင်းသား (၃) ဦးအား ဖမ်းဆီးခေါ်ဆောင်
Reviewed by THITHTOOLWIN
on
17:28
Rating:
![ကျောင်းတွင်း လှုပ်ရှားမှု ပြုလုပ်မည့် ရတနာပုံ ဗကသ ကျောင်းသား (၃) ဦးအား ဖမ်းဆီးခေါ်ဆောင်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj966NGJL6Et8nizrbxKq12xydqFCrTlocQ9o-mA6EKZRjW3eykadJh2Gc64kXp4iceANR4-uAJB5HIzmZPPMOgnwTmacUZlFyYQt21RHrA_-NRC_sAgaByz0ZcUw_VG6uR1wVJeJ4KPrE/s72-c/8.jpg)