ဘင်္ဂလားဒေ့ရှ်နိုင်ငံ မဲဆွယ်ကာလ မြင်ကွင်း။ (Photo: AFP) |
ဗုဒ္ဓဟူးနေ့က လက်ရှိအာဏာရ အဝါမီလိဂ်ပါတီ အလံကိုင်ဆောင်ထားတဲ့ ဆိုင်ကယ်စီး လူငယ်တစုက အတိုက်အခံ BNP ပါတီဝင် ကိုယ်စားလှယ်လောင်းတဦးကို ဓားတွေနဲ့ တိုက်ခိုက်ခဲ့ကြလို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှု မတိုင်ခင် ပြိုင်ဘက်ပါတီနှစ်ခုက ပါတီဝင်တွေကြား ပဋိပက္ခဖြစ်ပွားခဲ့လို့ BNP ပါတီ ခေါင်းဆောင်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ ဝန်ကြီးချုပ် သက်တမ်း သုံးကြိမ်ရှိခဲ့ပြီဖြစ်ပြီး၊ အခု စတုတ္တမြောက် သက်တမ်းအဖြစ် ထပ်မံအရွေးခံမှာ ဖြစ်ပါတယ်။ ဒီအတွက် သူ့ရဲ့ အဝါမီလိဂ်ပါတီ ဟာ အတိုက်အခံ မှန်သမျှကို ခြိမ်းခြောက်တာတွေ၊ ဖမ်းဆီးတာတွေ အရှိန်မြှင့်နေတယ်လို့ အဝေဖန်ခံနေရပါတယ်။ ရှိတ်ဟာဆီနာ အစိုးရကတော့ အဲဒီဝေဖန်ချက်တွေကို ငြင်းဆိုပါတယ်။
အဓိက အတိုက်အခံ BNP ပါတီခေါင်းဆောင် ခါလီဒါဇီယာ ကတော့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရပြီး၊ နိုဝင်ဘာလဆန်းကစလို့ အခုထိ သူ့ကိုထောက်ခံသူ တသောင်းကျော်လောက် ထိန်းသိမ်းခံထားရတဲ့အပြင်၊ အာဏာရပါတီဘက်က အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ဒဏ်ရရသူ ရာနဲ့ချီ ရှိတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။
အကြမ်းဖက်မှုတခုမှာ အတိုက်အခံ BNP ပါတီထောက်ခံသူ ခြောက်ဦး၊ အာဏာရ အဝါနီလိဂ် ပါတီထောက်ခံသူ နှစ်ဦး သေဆုံးခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
ဘင်္ဂလားဒေ့ရှ် မဲဆွယ်ကာလ အကြမ်းဖက်မှုတွေ မြင့်တက်
Reviewed by THITHTOOLWIN
on
06:54
Rating: