![]() |
မနက် ၆နာရီခွဲဝန်းကျင်မှာ ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူပြုတ်ကျလာ |
ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် ရတနာလမ်းနဲ့ မြို့ပတ်လမ်းဆုံ ကွန်ကရစ်ကားလမ်းဘေးအနီးကို ပြုတ်ကျလာခဲ့တာဖြစ်ပြီး ပြုတ်ကျလာတဲ့ သတ္တုအပိုင်းအစဟာ အရှည် ၉ ပေ ၈လက်မခွဲ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။
"ဒီကနေ့ မနက်က လေယာဉ်ကွင်းသွားတဲ့လမ်းပေါ့ အဲဒီမှာ ကောင်းကင်ပေါ်ကနေ ဂျိမ်းဆိုတဲ့ အသံကြီးကြားပြီး အောက်ကိုပြုတ်ကျလာတာပဲ၊ တာဝန်ရှိသူတွေကတော့ လေယာဉ်ရုံးထဲ သယ်သွားပြီး စစ်ပေမယ့် ပညာရှင်တွေလည်း မဟုတ်တော့ လေယာဉ်အစိတ်အပိုင်းဟုတ်မဟုတ် တော့ အတည်မပြုနိုင်ဘူး၊ အခုတော့ စစ်ဗျုဟာရုံးထဲကို သယ်သွားပြီလို့သိရတယ်" လို့ ကိုအောင် ဆန်းမြင့် ကပြောပြပါတယ်။
![]() |
အနီးဝန်းကျင်ရွာတွေမှာလည်း အစိတ်အပိုင်းတချို့ ထပ်မံတွေ့ရမလားလို့ ရှာဖွေနေ |
''ကျွန်တော်တို့လည်း အနီးဝန်းကျင်က ရွာလေးငါးရွာထိကိုလိုက်ရှာပြီးပြီ၊ ဘာမှ ထပ်မတွေ့ဘူး၊ အခုနယ်ထိန်းတွေရော ကျေးရွာတိုင်းက အုပ်ချုပ်ရေးမှူးတွေကိုရော ဖုန်းနဲ့အကြောင်းကြား ထားတယ်၊ တစ်ခုခုထူးတာ တွေ့တာနဲ့ အကြောင်းကြားဖို့၊ အခုထိတော့ ဘာမှန်းအတည်မပြုနိုင် သေးဘူး၊ လေကြောင်းရဲတွေ သက်ဆိုင်ရာတွေကိုတော့ အတည်ပြုနိုင်ဖို့ ဓတ်ပုံတွေတော့ပို့ ထားပြီးပြီ'' လို့ ရဲမှူးမြင့်လေးကပြောပါတယ်။
အခုလို သတ္တုအစိတ်အပိုင်းတစ်ခု ပေါက်ကွဲပြီးပြုတ်ကျတာဟာ ခန္တီးမြို့ပေါ်မှာတော့ ဒါပထမဆုံး အကြိမ်ဖြစ်ပြီးအရင်ကမကြုံဖူးတဲ့အတွက်ဒေသခံတွေအနေနဲ့တော့ အနည်းငယ် အထိတ်တလန့် ဖြစ်သွားခဲ့ကြတယ်လို့လည်း ကိုအောင်ဆန်းမြင့်ကပြောပါတယ်။
![]() |
ခန္တီးမြို့ဟာ ဆောင်းရာသီ ကောင်းကင်မှာမြူတွေပိတ်ဆိုင်းလေ့ရှိတဲ့ ဒေသဖြစ် |
အဆိုပါ သတ္တုပြား ပြုတ်မကျခင် ရာသီဥတုအခြေအနေအနေနဲ့ ကောင်းကင်မှာ မြူတွေအုပ် ဆိုင်းနေခဲ့တယ်လို့လည်းဒေသခံအချို့ကပြောပါတယ်။
လက်ရှိမှာဒီဇင်ဘာလမ်းလျှောက်ကာလလည်းဖြစ်တဲ့အတွက် အစိတ်အပိုင်းပြုတ်ကျရာလမ်းမှာ လူအသွား အလာရှိပေမယ့်လည်း ပြုတ်ကျချိန်မှာတော့ ဖြတ်သန်းသွားလာသူတွေ မရှိခဲ့တဲ့အတွက် လူထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိခဲ့ဘူးလို့လည်း ရဲမှူးမြင့်လေးကထပ်မံ ပြောပြ ပါတယ်။
BBC Burmese
https://www.bbc.com/burmese
ခန္တီးမှာ လေယာဉ်အစိတ်အပိုင်းလို့ယူဆရတဲ့ အစိတ်အပိုင်းတစ်ခု ပေါက်ကွဲသံနဲ့ အတူ လေထဲက ပြုတ်ကျလာ
Reviewed by THITHTOOLWIN
on
23:25
Rating:
![ခန္တီးမှာ လေယာဉ်အစိတ်အပိုင်းလို့ယူဆရတဲ့ အစိတ်အပိုင်းတစ်ခု ပေါက်ကွဲသံနဲ့ အတူ လေထဲက ပြုတ်ကျလာ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_cJtyE_lxo1lp1XUYcb5G2LzdQiYf9TTDhwAUC40jHaq7HXSmVFP79GRvZ5nnE8aOyQp7nnZypehnFKpOHBXInWY-YJDxP4vqV5sRXECPord0rHtgusVMUERmqQvslWwxJc9mh3uk9Wg/s72-c/4.jpg)