ရေတာရှည်မြို့နယ်တွင် မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်း မှုကြောင့် နေအိမ် ၅ လုံးနှင့်ကြံခင်းနှစ်ခင်း မီးလောင်းဆုံးရှုံး


ရေတာရှည် ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမင်းလမ်း ကျေးရွာအုပ်စု အင်ပင်သာတဲစု ၌ ဒီဇင်ဘာ ၂၃ ရက် ညနေ ၂ နာရီ မိနစ် ၄ဝ တွင် မီးကြွင်းမီးကျန်းမှတဆင့် မီးကူးစက်လောင်ကျွမ်းမှု ကြောင့် လူနေအိမ် ၅ လုံး နှင့် ကြံခင်းနှစ်ခင်း မီးလောင်ဆုံးရှုံး သွားခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်း မှုဖြစ်ပွားကြောင်းသတင်းအရ မြို့နယ် မီးသတ် ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဦး နှင့် မီးသတ်တပ်ဖွဲ့ဝင် များ၊ ဆွာမြို့အရံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များ၊ ဆွာနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် နေလင်း အောင် ဦးစီးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ ရခြင်းဖြစ်ကြောင်းသိရသည်။

 မီးလောင်ကျွမ်းမှုဖြစ်စဉ်အား စစ်ဆေးခဲ့ရာ အင်ပင်သာတဲ့စုနေ ဦးစိုးမြင့် ၄၅ နှစ်၊၏ သုံးပင်ပတ် လည် ဝါးကြမ်းခင်း၊ သက်ကယ်မိုး၊ ထရံကာနေအိမ်၏ မီဖိုအတွင်း မီးကြွင်းမီးကျန်ကတဆင့် စတင်လောင်ကျွမ်းခဲ့ပြီး အိမ်ချင်း ကပ်လျက်ရှိ လူနေအိမ် ၄ လုံးကိုကူးစက်လောင်ကျွမ်းခဲ့ပြီး ဦးဝင်းစိန် ၅၈ နှစ်၊ ဆွေသာယာကျေးရွာနေသူပိုင် (.၆ဝ) ဧကရှိ ကြံစိုက်ခင်းနှင့် ကိုသူ ၂၇ နှစ်၊ မှန်စီကျေးရွာနေသူပိုင် (.၆ဝ)ဧကရှိကြံ စိုက်ခင်း နှစ်ခင်း တို့ပါမီးလောင်ကျွမ်းခဲ့သဖြင့် စုစုပေါင်း ကာလတန်ဖိုးကျပ် ၆၃ သိန်းခန့် ဆုံးရှုံးခဲ့ရကြောင်းသိရှိရ၍ မီးကိုပေါ့ဆစွာအသုံးပြုသည့် ဦးစိုးမြင့်၊ အင်ပင်သာတဲစုနေသူအား ဆွာနယ် မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေတာရှည်မြို့နယ်တွင် မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်း မှုကြောင့် နေအိမ် ၅ လုံးနှင့်ကြံခင်းနှစ်ခင်း မီးလောင်းဆုံးရှုံး ရေတာရှည်မြို့နယ်တွင် မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်း မှုကြောင့် နေအိမ် ၅ လုံးနှင့်ကြံခင်းနှစ်ခင်း မီးလောင်းဆုံးရှုံး Reviewed by THITHTOOLWIN on 20:00 Rating: 5
Powered by Blogger.