ကျွန်းစု ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် နေကြာအော်ကျေးရွာအရှေ့ ရေပြင်၌ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီခွဲခန့်က စက်လှေတစ်စင်း ခုတ်မောင်းနေစဉ် သစ်တုံးကိုတိုက်မိပြီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ ကနဦးသိရသည်။
မြိတ်မြို့မှ ကျွန်းစုမြို့နယ်အတွင်းရှိ ကျွန်းများသို့ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၁ နာရီခွဲက အလည်အပတ်ခရီးစဉ် ထွက်ခွာလာသည့် ထူးထက်ရှိန် ခရီးသွား လုပ်ငန်းမှ အမြန်ရေယာဉ်သည် ပဲ့နင်း ဦးစိုးအောင် မောင်းနှင်ပြီး ခရီးသည် အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး ခုနစ်ဦး၊ လှေသားနှစ်ဦး စုစုပေါင်း ၁၉ ဦးတို့ လိုက်ပါလာစဉ် နေကြာအော်ကျေးရွာ အရှေ့ ရေပြင်အရောက် သစ်တုံးကို တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှေတိမ်းမှောက်မှု ဖြစ်ပွားရာနေရာ သို့ နေကြာအော်ကျေးရွာမှ ဒေသခံများ က ပိုက်လှေများဖြင့် သွားရောက်ကူညီ ကယ်ဆယ်ခဲ့ကြရာ ခရီးသည်များထဲမှ ဒေါ်ကြင်စု(ခ)ဒေါ်ခင်ချို (၆၆ နှစ်)မန္တလေးမြို့နေသူနှင့် ဒေါ်ခင်သောင်းတင် (၆၈နှစ်)စမ်းချောင်းမြို့နယ် ရန်ကုန်မြို့ နေသူတို့ သေဆုံးသွားကြောင်း သိရသည်။ ကျန်ခရီးသည်များကို နေကြာအော်ကျေးရွာမှ မြိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဒဏ်ရာ ရသူများကို မြိတ်ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ထားကြောင်း သိရ သည်။
မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျွန်းစုမြို့နယ်အနီး ပင်လယ်ပြင်တွင် စက်လှေတစ်စင်းတိမ်းမှောက်၍ နှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
09:52
Rating:
![ကျွန်းစုမြို့နယ်အနီး ပင်လယ်ပြင်တွင် စက်လှေတစ်စင်းတိမ်းမှောက်၍ နှစ်ဦးသေဆုံး](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDQBtQJkQMI-NF62RxrQwpnpzI_ZTrpPWOTB8xQRNFGrSsmFa85H3X2_qJdXG4uGL9Do4d-aiplCU0rZSiuQC8iFS18Y_wdnl2Q27ffoixin9LKdfx3l_-fxI8bpnGOssWjshOgXI-5vQ/s72-c/2.jpg)