ဘီးလင်းမြို့နယ် ကုသိနာရုံဘုရား တောင်တက်လမ်းအဆင်းမှာ ဒီဇင်ဘာ (၂၅)ရက်နေ့ မနက်(၁၀)နာရီခွဲအချိန်က ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားပြီး ငါးဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီဇင်ဘာ(၂၅)ရက် မနက် (၁၀) နာရီခွဲအချိန်က ရန်ကုန်တိုင်း လှိုင်သာယာကနေလာတဲ့ လူ(၄၀) ကျော်ပါဝင်တဲ့ ဘုရားဖူးအဖွဲ့ဟာ ကုသိနာရုံဘုရားကနေ အပြန် တောင်ရဲ့အဆင်းလမ်းမှာ အရှိန်လွန်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ရန်ကုန်ကို ပို့ဖို့ ကျွန်တော်တို့ကို အကူညီတောင်းလို့ ပို့ထားပြီးဖြစ်တယ်လို့ ဘီးလင်းမြို့ လူမှုကယ်ဆယ်ရေးအသင်းက One News ကို ပြောပါတယ်။
ကားတိမ်းမှောက်မှုမှာတော့ ၂ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦး အမျိုးသမီး (၄) ဦး အမျိုးသား (၁) ဦး သေဆုံးပြီး (၃၀)ကျော် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Photo - Maung Maung
One News Myanmar
https://www.facebook.com/onenewsmyan
မွန်ပြည်နယ် ဘီးလင်း ကုသိနာရုံဘုရားတောင်တက်လမ်းမှာ ကားမှောက်ပြီး (၅)ဦးသေဆုံး
Reviewed by THITHTOOLWIN
on
12:30
Rating: