မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကနေ EU ဥရောပသမဂ္ဂနိုင်ငံတွေကို တင်ပို့တဲ့ဆန်တွေအပေါ် အခွန်တွေ ပြန်ပြီးကောက်ခံဖို့ အီတလီ ဆန်စပါးလုပ်ငန်းရှင်တွေရဲ့ မေတ္တာရပ်ခံချက်ကို ဥရောပကော်မရှင်က ဒီကနေ့ လက်ခံလိုက်ပါတယ်။
မြန်မာနဲ့ ကမ္ဘောဒီးယားက တင်ပို့တဲ့ဆန်တွေကို အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့အတွက် အီတလီ ဆန်စပါးထုတ်လုပ်သူတွေ ထိခိုက်နစ်နာနေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စအတွက် ပြီးခဲ့တဲ့မတ်လက စတင် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် မြန်မာနဲ့ကမ္ဘောဒီးယား ဆန်စပါးပို့ကုန်တွေကို မကြာခင် အခွန်ပြန် ကောက်ခံတော့မှာ ဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/pg/rfaburmese
မြန်မာပြည်ကဆန်တွေအပေါ် EU အခွန်ပြန်ကောက်တော့မယ်
Reviewed by THITHTOOLWIN
on
04:49
Rating: