၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၊ ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရန်အတွက် ဆန္ဒမဲပုံးကို တွေ့ရစဉ် |
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ မဲပေးခွင့်ရှိသူ ၉သိန်းကျော်ရှိပြီး မဲရုံပေါင်း ၁၃၀၀ ကျော် ရှိပါတယ်။
အဲဒီထဲက ထက်ဝက်လောက်ဟာ ဘီးတပ်ကုလားထိုင်တွေနဲ့ လာတဲ့ မဲဆန္ဒရှင်တွေအတွက် အကူအညီမပါဘဲ လာရောက်မဲပေးဖို့ မလွယ်ကူတဲ့အပြင် ဆန္ဒပြုခန်းတွေကိုလည်း အဆင်ပြေလွယ်ကူစေဖို့ ပြင်ဆင်ထားတာ မတွေ့ရဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။
PACE အဖွဲ့နဲ့ ဖန်တီးအိမ်အဖွဲ့ဟာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာထဲက မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်ကို လေ့လာစောင့်ကြည့်ခြင်းမရှိဘဲ ကျန်တဲ့ ၁၂ နေရာမှာ လေ့လာသူ ၅၇၉ ဦးနဲ့ စောင့်ကြည့်နေတာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
https://www.rfa.org
ကြားဖြတ်ရွေးကောက်ပွဲ မသန်စွမ်း မဲဆန္ဒရှင်တွေ အလွယ်တကူ မဲပေးနိုင်မှုမရှိ
Reviewed by THITHTOOLWIN
on
19:28
Rating: