ရန်ကုန် ၃ နိုဝင်ဘာ
ရန်ကုန်မြို့တော်အတွင်း တောရိုင်းတိရစ္ဆာန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှု တရားဝင်တားမြစ်ခြင်း ပွဲကို ဗြိသိသျှသံရုံး အစိုးရအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ နှင့် နာမည်ကြီး အနုပညာရှင်များ ပူပေါင်း၍ နိုဝင်ဘာ ၂ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအတွင်း ကျင်းပခဲ့သည်။
အဆိုပါ ပွဲတော်ကို ရန်ကုန်သည် အရှေ့တောင် အာရှဒေသအတွင်း တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ကုန်သွယ်မှု ကင်းစင်သည့် ပထမဆုံးမြို့တော် ဖြစ်လာစေရန် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်သည်။ ပြပွဲတွင် ရွှေမျက်ပါးလွှာဖြင့် ပြုလုပ်ထားသော ကျား၊ ဆင်၊ သင်းခွေချပ်များ ပြသထားပြီး ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရန်နှင့် ဂေဟစနစ် မပျက်စီးစေရန်ဥပဒေနှင့် လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အောင်မြင့် (ပြန်/ဆက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းဝယ်မှုတရားဝင်တားမြစ်ပွဲတော်ရန်ကုန်၌ ကျင်းပ
Reviewed by THITHTOOLWIN
on
00:06
Rating: