ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဇုံ အတွင်း တစ်နှစ်သားအရွယ် လင်းပိုင်တစ်ကောင်သေဆုံး

Photo WCS Myanmar

မန္တလေး- ၆နိုဝင်ဘာ

ယနေ့နံနက်ပိုင်းအချိန်က ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဇုံ အတွင်းဖြစ်သည့် ရှိမက္ကား ၊အင်ဒေါင်းကျေးရွာ အထက်ပိုင်း မှော်ဦး ကျေးရွာ အနီးတွင် ၁နှစ်သားအရွယ် ဧရာဝတီ လင်းပိုင် အမ တစ်ကောင်အား ကျောက်တုံးနှင့် ကြိုးချီ၍ သေဆုံးနေသည်ကို တွေ့ရှိထားရကြောင်း ဒေသခံရေလုပ်သားများ၏ ပြောပြချက်အရ သိကြရသည်။

"လည်ပင်းမှာကျောက်ခဲစွဲပြီးသေဆုံးနေတာတွေ့ရတယ်။ သေတာတော့ကြာပြီထင်တယ် ပုပ်ပွနေပြီ''ဟု လင်းပိုင်ထိန်းသိမ်းရေးတွင်ပါဝင်ဆောင်ရွက်နေသည့်ရေလုပ်သား ဦးမောင်လေးကပြောသည်။

၂၀၁၈ခုနှစ် ဇွန်လ ၂၉ ရက် က သားငှက်ထိန်းသိမ်းရေးအဖွဲ့ရဲ့စစ်တမ်းအရ ရှားပါးဧရာဝတီလင်းပိုင် ၇၆ ကောင်ရှိပြီး ယခုတစ်ကောင်သေဆုံးသည့်အတွက် ၇၅ ကောင်သာကျန်ရှိတော့သည်။

သေဆုံးသည့်လင်းပိုင်နှင့်ပတ်သက်ပြီး ဦးမောင်လေး က ''ငါးလျော့တိုက်ဖမ်းရာက လင်းပိုင်ကို ထိမိလို့သေဆုံးတယ်လို့ယူဆရတယ်။ ဒါကိုပေါ်မှာ စိုးရိမ်တဲ့အတွက် ခဲ စွဲပြီးရေထဲမြုပ်ထားတာ ပုပ်တဲ့အချိန်ကြ ပေါ်လာတယ်လို့ မြင်ပါတယ်''ဟု သူ၏အမြင်ကိုပြောသည်။

ရှားပါးမျိုးစိပ်ဖြစ်သည့်ဧရာဝတီလင်းပိုင်များသည် နိုင်ငံခြားသားခရီးသွားများကို စွဲဆောင်တဲ့အရာ တစ်ခုဖြစ်သည်။ ယခုနှစ်တွင် ဧရာဝတီလင်းပိုင်ကိုလာရောက်ကြည့်ရှူ့သည့်နိုင်ငံခြားသား ၁၃၈ ယောက်ရှိပြီး ယခင်နှစ်ကထက် ပိုမိုများပြားလာကြောင်းသိရသည်။

" နိင်ငံခြားဝင်ငွေအပြင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း အပါဝင် ၀င်ငွေတိုးတက်စေနိင်တဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောက်ရှောက်တာဟာ နိင်ငံတော်က လက်ကိုင်ပြုထားတဲ့ Myanmar Sustainable Development Planing နှင့် ကိုက်ညီရုံသာမက နိင်ငံတကာအဆင့် ချိတ်ဆက်မှု့ပြုထားသော SDG 17 နှင့် ပါဝင်ပတ်သတ်နေပါတယ်။ ဒါကြောင့် အခုဖြစ်စဉ်ကဲ့လိုမျိုး ကမ္ဘာ့ရှားပါး ရေနေ နိ့တိုက်သတ္တဝါအုပ်စုဝင် မြန်မာ့၏ ကမ္ဘာကျော်အမွေအနှစ်ဧရာဝတီ လင်းပိုင် အားသတ်ဖြတ်ခြင်း၊ သေဆုံးစေခြင်း၊ မျိုးတုန်းစေသော ဆောင်ရွက်မှု့များအား ပြင်းထန်စွာ အရေးယူပေးပါရန် တင်ပြတောင်းဆိုအပ်ပါတယ်'' သဘာဝစိမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မိတ်ဖက်အင်အားစုမှ ဦးမောင်မောင်ဦးက အကြံပြု ပြောကြားသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဇုံ အတွင်း တစ်နှစ်သားအရွယ် လင်းပိုင်တစ်ကောင်သေဆုံး ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဇုံ အတွင်း တစ်နှစ်သားအရွယ် လင်းပိုင်တစ်ကောင်သေဆုံး Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.