မြိတ်မြို့ GRAND JADE HOTEL ရှိ အထည်ဆိုင်မီးလောင် မှုဖြစ်ပွားရာ ဟိုတယ်တည်းခိုသူ အားလုံးကို ကယ်ဆယ်နိုင်ခဲ့
မြိတ် အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြစ်ငယ်ရပ်ကွက် ဗဟိုလမ်းရှိ GRAND JADE HOTEL တတိယ အထပ်၌ ဦးစည်သူလင်း ပိုင်ဆိုင်သော (2P)အထည်ဆိုင်တွင် အောက်တိုဘာလ(၂၅)ရက် ည(၁၀း၃၀)နာရီခန့် က မီးလောင်မှုဖြစ်ပွားရာ ဟိုတယ်တည်းခိုသူ(၁၂၁)ဦးကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ GRAND JADE HOTEL တွင် မီးလောင်နေကြောင်း ပြည်သူတစ်ဦးမှ ဆိုင်ကယ်ဖြင့် မီးသတ် ဦးစီးဌာနသို့ သတင်းပေးပို့သဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်စခန်းများတို့မှ အထပ်မြင့်မီးငြိမ်း သတ်ယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁၃)စီး၊ ရေသယ်ယာဉ်(၁၁)စီး၊ လူနာတင်ယာဉ်(၃၀)စီးတို့ဖြင့် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေ+အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ ၀င်များ၊ လူမှုရေးအသင်း
အဖွဲ့များ၊ ပြည်သူများ စုပေါင်း၍ မီးငြိမ်းသတ်ခြင်းနှင့် ဟိုတယ်တည်းခိုသူများကို ကယ် ဆယ်ခြင်း လုပ်ငန်းများကို တပြိုင်တည်းဆောင်ရွက်ခဲ့ကြရာ ည(၁၁း၄၀)နာရီတွင် မီးငြိမ်းခဲ့ပြီး ဟိုတယ်တည်း ခိုသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်မှာ ဦးစည်သူလင်း ပိုင်ဆိုင်သော (2P)အထည်ဆိုင်တွင် ဆိုင်အတွင်း ၀င်ထွက်သွား လာသူတစ်ဦး၏ ဆေးလိပ်မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးစတင်လောင်ကျွမ်းချိန်တွင် မီးသတ်ဆေးဗူးများဖြင့် ကနဦးငြိမ်းသတ်ခဲ့ကြကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ မီးလောင်မှုတွင် မီးငြိမ်း သတ်စဉ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ ရဲတပ်ဖွဲ့ဝင်(၁)ဦးတို့တွင် လက်တွင်မှန် ပြတ်ရှဒဏ်ရာရ(၁)ဦး၊ မူးမေ့သတိလစ်(၇)ဦးရှိခဲ့ပြီး ၄င်းတို့ကို ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။
ဟိုတယ်တည်းခိုနေသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့ပြီး တည်းခိုနေထိုင်များထဲမှ (၁၁)ဦး မီးခိုးရှုမိသော ကြောင့် မူးမေ့သတိလစ်သူ(၁၁)ဦးရှိခဲ့ကာ ၄င်းတို့ကိုလည်း ပြည်သူဆေးရုံသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင် ခဲ့ပြီး ဆေးကုသမှုခံယူစေခဲ့သည်။ မီးလောင်မှုကြောင့် ဦးစည်သူလင်း ပိုင်ဆိုင်သော (2P)အထည်ဆိုင်တွင် (၁၀) ပေပတ်လည် အထည်ဆိုင် မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း(၉၅)သိန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာန မှ သိရသည်။
မီးလောင်ရာသို့ မြိတ်ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့မှ လာရောက်ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ကြပြီး မီးလောင်မှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းမှူးနှင့်တပ်မတော်သားများ၊ မြိတ် ခရိုင် အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးကော်မတီ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများမှ လာရောက်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
IPRD MYEIK
https://www.facebook.com/iprdtanintharyi
မြိတ်မြို့ GRAND JADE HOTEL ရှိ အထည်ဆိုင်မီးလောင် မှုဖြစ်ပွားရာ ဟိုတယ်တည်းခိုသူ အားလုံးကို ကယ်ဆယ်နိုင်ခဲ့
Reviewed by THITHTOOLWIN
on
04:46
Rating: