အထောင်မှကျုံပျော်-ရန်ကုန်သို့ မောင်းနှင်လာသောပြုံးပန်းတစ်ရာယာဉ်တိမ်းမှောက် တစ်ဦးသေဆုံး ၁၂ဦး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရ


ရန်ကုန် အောက်တိုဘာ ၂၄
===================
ကျုံပျော်မြို့မှ ရန်ကုန်သို့ နံနက် ၈နာရီတွင်ထွက်ခွာခဲ့သည့် ပြုံးပန်း တစ်ရာ ခရီးသည်ပို့ဆောင်ရေး ယာဉ်သည် နံနက် ၈နာရီခွဲတွင် ကျုံပျော်မြို့ပြင်၌ တိမ်းမှောက်ခဲ့ ကြောင်းသိရသည်။ အဆိုပါ ယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ကျုံပျော်ဆေးရုံတွင် ဓာတ်မှန်ရိုက် စစ်ဆေးခြင်းများပြုလုပ်၍ ခရီး သည် ၁၂ ဦး အရေးပေါ်အခြေ အနေဖြင့် ဆေးကုသမူခံယူနေရပြီး ကျန် ၁၇ဦးမှာ ပြင်ပလူနာဌာနတွင် ကုသနေရကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ ရခြင်းမှာ တစ်ဖက်ယာဉ်ကြောမှ လာသည့် မော်တော်ဆိုင်ကယ်ကို ရှောင်တိမ်းခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျုံပျော်မြို့မရဲစခန်းမှ ယာဉ်မောင်း စိုးထိုက်အား (ပ) ၁၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က ၃၃၈/၃၃၇ ဖြင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မင်းဇော်ဦး(ရေကြည်)
The Union Daily
https://www.facebook.com/pg/uniondaily.net
အထောင်မှကျုံပျော်-ရန်ကုန်သို့ မောင်းနှင်လာသောပြုံးပန်းတစ်ရာယာဉ်တိမ်းမှောက် တစ်ဦးသေဆုံး ၁၂ဦး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရ အထောင်မှကျုံပျော်-ရန်ကုန်သို့ မောင်းနှင်လာသောပြုံးပန်းတစ်ရာယာဉ်တိမ်းမှောက် တစ်ဦးသေဆုံး ၁၂ဦး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရ Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.