25.10.2018
တနင်္သာရီမြို့၊ ဗိုလ်ချုပ်မြင်းစီးရုပ်တုအနီးတွင် အောက်တိုဘာ ၂၄ ရက်၊ ည ၁၀ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ပဲ ချောက်ထဲပြုတ်ကျသွားကြောင်းသိရပါတယ်။
ဖိုးချိုမောင်းနှင်ပြီး နောက်တွင် ၂ ဦးလိုက်ပါလာတဲ့ WIVE အမျိုးအား ဆိုင်ကယ်သည်
တနင်္သာရီမြို့မှ ရွာသာယာကျေးရွာသို့အပြန်ရွှေနှင်းဆီစားသောက်နှင့် ဗိုလ်ချုပ်ရုပ်တုကြားတောင်ကြောတွင် အရှိန်မထိန်းနိုင်ပဲ ပြုတ်ကျသွားကြောင်းသိရပါတယ်။
ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ဖိုးချိုနှင့် နောက်တွင်လိုက်ပါလာသည့် ရဲနောင်စိုး အား တနင်္သာရီပြည်သူ့ဆေးရုံမှတဆင့် မြိတ်ဆေးရုံသို့တင်ပို့ထားပြီး ချာက်ထဲပြုတ်ကျသွားသည့် ဆိုင်ကယ်နှင့် နောက်တွင်လိုက်ပါလာသူ မျိုးထွဋ် မှာ ပျောက်ဆုံးနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့မှ ရှာဖွေနေကြောင်းသိရပါတယ်။
မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294/
တနင်္သာရီတွင် ဆိုင်ကယ်တစ်စီး ချောက်ထဲပြုတ်ကျ ဆိုင်ကယ်နှင့်လူ ၁ ဦးပျောက်ဆုံး
Reviewed by THITHTOOLWIN
on
09:04
Rating: