ဖားကန့် စဗျစ်ခူးကျေးရွာတွင် ကုမ္ပဏီများ မြေစာစွန့်ပစ်မှုကြောင့် အန္တရာယ်ရှိလာနိုင်


ဖားကန့် အောက်တိုဘာ ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ မိုးအကုန် ပွင့်လင်းရာသီကာလတွင် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ရန်အတွက် ကုမ္ပဏီ များက မြေစာပစ်လမ်းများဖောက်လုပ် ခြင်းကြောင့် စဗျစ်ခူးကျေးရွာတွင် ရေ ပိုက်လိုင်းများပျက်စီးမှုရှိခဲ့ပြီး ကျေးရွာ အနီးတွင် မြေစာများ စုပုံစွန့်ပစ်နေမှု ကြောင့်လည်း မြေစာပုံကြီးများဖြစ်လာ ကာ မကြာခဏပြိုကျနေကြောင်းနှင့် ကျေးရွာအတွက် အန္တရာယ်ဖြစ်ပေါ်မည် ကို စိုးရိမ်နေရကြောင်း ဒေသခံပြည်သူ များ၏ ပြောကြားချက်များအရ သိရ သည်။

''မနှစ်တုန်းကလည်း အခုလိုပဲ မြေစာ တွေ စွန့်ပစ်ခဲ့ပါတယ်၊ ရွာသူ ရွာသား တွေကို အသိပေးပြောကြားခြင်းလည်း မရှိသလို ကျေးရွာကိုလည်း ဘာမှ ထိထိ ရောက်ရောက် မကူညီခဲ့ပါဘူး၊ မြေစာပုံ ကြီးက ကျွန်တော်တို့ရွာကို ဝါးမြိုတော့ မလို ဖြစ်နေပါပြီ၊ မိုးတွင်းတုန်းက လည်း ရွာမပျက်စီးအောင် မြေစာမပစ် တဲ့ အခြားကုမ္ပဏီက ဘက်ဟိုးနှစ်စီးနဲ့ ကူညီခဲ့လို့ ရွာက အခုလို ကျန်ရစ်နေခဲ့ တာပါ''ဟု စဗျစ်ခူးကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမောင်မြင့်က ပြောကြား သည်။
ယခုနှစ် မိုးအကုန် ပွင့်လင်းရာသီချိန် တွင် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ များသည် လုပ်ငန်းများစတင်လုပ်ကိုင်ရန်အတွက် မြေစာပစ်လမ်းများကို စတင်ရှင်းလင်းနေပြီး ယခုနှစ် ရှင်းလင်း ရာတွင် စဗျစ်ခူးရွာအနီးရှိ အများသုံး စုပေါင်းရေလှောင်ကန်မှ ရေပိုက်များ ပျက်စီးခဲ့သဖြင့် သောက်သုံးရေအတွက် အခက်အခဲဖြစ်နေရကြောင်း သိရသည်။

ထို့အပြင် စဗျစ်ခူးကျေးရွာမှာ စွန့်ပစ် မြေစာပုံများအောက်သို့ ရောက်ရှိနေပြီး ယခုနှစ်တွင် မြေစာများ ဆက်လက်စွန့်ပစ် မည်ဆိုပါက ကျေးရွာအတွက် ဆိုးရွားစွာ အန္တရာယ်ဖြစ်ပေါ်နိုင်ကြောင်း၊ မြေစာ စွန့်ပစ်မည့် ကုမ္ပဏီကြီးများဖြစ်သည့် မြစိမ်းတောင်ကုမ္ပဏီ၊ ဖိုးသာထူးကုမ္ပဏီ၊ မြယမုံကုမ္ပဏီ၊ ကျောက်စိမ်းတောင် ကုမ္ပဏီ၊ ကောင်းမြတ်သုခကုမ္ပဏီ စသည့် ကုမ္ပဏီများက ကျေးရွာအနီးတွင် မြေစာ စွန့်ပစ်ရန်နေရာကို စုပေါင်းရှင်းလင်းပြီး ဖြစ်၍ ထိုနေရာတွင် မြေစာပုံများ စွန့်ပစ် မည်ကို ဒေသခံများက စိုးရိမ်ပူပန်လျက် ရှိကာ ထိုကိစ္စကိုဖြေရှင်းပေးရန်အတွက် ကျေးရွာမှ ဒေသခံပြည်သူ ၇၆ ဦးက ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာအသီးသီးသို့ တင်ပြတောင်းဆို ထားကြောင်းလည်း ဦးမောင်မြင့်က ဆက်လက်ပြောကြားသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဖားကန့် စဗျစ်ခူးကျေးရွာတွင် ကုမ္ပဏီများ မြေစာစွန့်ပစ်မှုကြောင့် အန္တရာယ်ရှိလာနိုင် ဖားကန့် စဗျစ်ခူးကျေးရွာတွင် ကုမ္ပဏီများ မြေစာစွန့်ပစ်မှုကြောင့် အန္တရာယ်ရှိလာနိုင် Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.