မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဗဟိုတရားရုံး |
သူတို့သုံးဦးဟာ အသက် ၁၁ နှစ်ကနေ ၂ဝ အကြားမှာရှိတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို မလေးရှားနိုင်ငံကို လူမှောင်ခိုကူးမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လက ဖမ်းဆီးခံခဲ့ရတာပါ။
အသက် ၁၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး၊ အသက် ၂၄ နှစ်နဲ့ ၃၃ နှစ်အရွယ် အမျိုးသားနှစ်ဦး က အပြစ်ရှိကြောင်း တရားရုံးမှာ ဝန်ခံခဲ့ပြီးနောက် တရားသူကြီးက ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
ထောင်ဒဏ်ကျခံရမယ့်ရက်ကို ဖမ်းဆီးခံရတဲ့နေ့ကစပြီး ထည့်သွင်းတွက်ချက်ဖို့လည်း တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်။
မလေးရှားနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တရားမဝင်ခိုးသွင်းမှု တိုက်ဖျက်ရေး ဥပဒေအရ အများဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မလေးရှားမှာ မြန်မာသုံးဦး လူကုန်ကူးမှုနဲ့အရေးယူခံရ
Reviewed by THITHTOOLWIN
on
09:46
Rating: