ပေါင် အောက်တိုဘာ၂၅
၄၃ကြိမ်မြောက် ဆွမ်းလောင်းပွဲတော်အဖြစ် ပေါင်မြို့ ကဒုံစီးရပ်ကွက် တွင်ကျင်းပနေစဉ် အောက်တိုဘာ ၂၄ ည၁၁နာရီကျော်အချိန်က ဂေါပက မဏ္ဍာပ်ရှေ့တွင်လူငယ်များ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတာဝန်ကျရဲ အရာရှိ၂အခြားအဆင့် ၈ဦးတာဝန်ချထားကြောင်း ခိုက်ရန်ဖြစ်ပွားရာသို့ ရဲများက သွားရောက်ထိမ်းသိမ်းစဉ် လူ၃ဦးက ရဲများကိုပြန်လည် ရန်ပြုခဲ့ကြကြောင်း၊
ထို့နောက် ဒုရဲအုပ်အောင်မိုးကျော်၏ခါးကြားမှ သေနတ်ကိုလုယူပြီး ပစ်ခတ်သဖြင့် ဒုရဲအုပ်ရာဇာမြင့်စိုး၏ ဝဲဘက်လက်မောင်းကို ထိမှန်ပြီး အရိုးကျိုးဒဏ်ရာရှိသွားခဲ့သည်။
ထို့နောက်တွင် သေနတ်လုသူက သေနတ်အား ပစ်ချထွက်ပြေးသွားခဲ့ပြီး အရံမီးသတ် ပြည်သူ့စစ် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ကဒုံစီးရပ်ကွက် လယ်ကွင်းထဲ၌ ၂ဦးကိုချက်ချင်းဖမ်းမိခဲ့ပြီး ယနေ့မနက်ပိုင်းတွင် ဓာတ်ပုံပါသူ ဖြစ်သော ရဲထံက သေနတ်လုပြီးပစ်ခတ်ခဲ့သူ သာလိ(ခ) သားသား(ခ) စိုင်းနိုင်ထွေး (ဘ)ဦးအောင်ငယ် အသက် ၃၃နှစ်အားထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖြစ်စဉ်အပေါ် ဒုရဲအုပ်အောင်မိုးကျော်မှ တရားလိုပြုလုပ်တိုင်တန်းချက်အရ ပေါင်ရဲစခန်း(ပ)၅၁၇/၂၀၁၈ပြည်သူ့ဝန်ထမ်း၏ လက်နက်ခဲယမ်း နှင့်ဆိုင်သော ရာဇတ်ကြီးဥပဒေပုဒ်မများအရ အမှု၌ ပါဝင်သူများဖြစ်သောအောင်နိုင်ထွေး (ခ) အသား ၃၄နှစ် (ဘ)ဦးအုန်းဖေ
ဒေးပိန်၁ ၊ ကဒုံစီးရပ်ကွက်နေသူ ဝင်းထိုက်ဦး ၂၃နှစ် (ဘ)ဦးမြင့်ထွေး ဒေးပိန်၁ ၊ ကဒုံစီးရပ်ကွက်နေသူ သာလိ(ခ)သားသား(ခ)စိုင်းနိုင်ထွေး ၃၃နှစ် (ဘ)ဦး အောင်ငယ် ဒေးပိန်၁ ကဒုံစီးရပ်ကွက်နေသူအား အမှုဖွင့်အရေးယူထားသည်။
ဝရဇိန် ပေါင်
Paung Daily
https://www.facebook.com/pg/paungdaily
ရဲကိုသေနတ်လုပြီးပစ်ခတ်သူအား ဖမ်းမိပြီ
Reviewed by THITHTOOLWIN
on
18:32
Rating: