လူမှုကွန်ရက်အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်နေသည့် ကိုယ်ဝန်ဖျက်ဆေး ရောင်းချနေမှုများကို အရေးယူမည်


ရန်ကုန် အောက်တိုဘာ ၂၅

လူမှုကွန်ရက်အွန်လိုင်းမှ တစ် ဆင့်ရောင်းဝယ်မှုပြုလုပ်နေသည့် ကိုယ်ဝန်ဖျက်ဆေးများအပါအဝင် အခြားတရားမဝင်ဆေးဝါးများကို အရေးယူမှုပြုနိုင်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ သိရသည်။

အဆိုပါ လူမှုကွန်ရက် အွန် လိုင်းမှတစ်ဆင့် အရောင်းအဝယ် ပြုလုပ်နေသည့်ဆေးဝါး အများစု သည် FDA ၏ ဆေးဝါးမှတ်ပုံတင် မပါရှိသည့်အပြင် အာမခံချက် မတိကျသော၊ အာနိသင်မရှိသော ဆေးများနှင့် တရားဝင်ရောင်းချ ရန် ခွင့်ပြုချက်မရှိသော အန္တရာယ် များသည့်ဆေးများ ရောင်းချနိုင် ခြင်းရှိနိုင်ကြောင်း သိရသည်။

ထိုသို့ ဆေးဝါးမှတ်ပုံတင်မရှိ သည့် ဆေးရောင်းချသူများကို တရားမဝင်ကုန်ပစ္စည်းရောင်းသည့် ပုဒ်မ(၁၈)ဖြင့် အရေးယူနိုင်ကာ ထောင်ဒဏ်ခုနစ်နှစ်အပြင် ကျပ်ငွေ ငါးသိန်းချမှတ်နိုင်ကြောင်းသိရသည်။

တရားမဝင် ခွင့်ပြုချက်မရှိ သည့်ဆေးဝါးများကို ရောင်းချပါ က အမျိုးသားဆေးဝါးဥပဒေအပါ အဝင် ပုဒ်မ(၁၈)၊ ပုဒ်မ(၁၉)၊ ပုဒ်မ (၂ဝ) အစရှိသည့် ပုဒ်မများဖြင့် အရေးယူနိုင်ကြောင်း သိရသည်။

ထို့ပြင် တရားမဝင် စပ်ဆေး များနှင့် ပတ်သက်၍လည်း FDA မှ ဆေးဆိုင်များကိုရှောင်တခင် ဝင် ရောက်ကာ လိုက်လံဖမ်းဆီးလျက် ရှိပြီး စပ်ဆေးရောင်းချသည့် ဆိုင်ပေါင်း၂ဝ ခန့်ကိုလိုင်စင်သုံးလ အထိ ပိတ်သိမ်းအရေးယူထားကာ ယင်းဆေးဆိုင်များတွင် ပဲခူးတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးမှ စပ်ဆေးရောင်းသည့်ဆိုင် များ အများဆုံးဖမ်းမိကြောင်း သိရ သည်။

သူရကို
The Union Daily
https://www.facebook.com/uniondaily.net
လူမှုကွန်ရက်အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်နေသည့် ကိုယ်ဝန်ဖျက်ဆေး ရောင်းချနေမှုများကို အရေးယူမည် လူမှုကွန်ရက်အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်နေသည့် ကိုယ်ဝန်ဖျက်ဆေး ရောင်းချနေမှုများကို အရေးယူမည် Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.