အဆုပ်ရောဂါ စမ်းသပ်ဖို့ နည်းသစ်တွေ့ပြီ

Photo: SAM PANTHAKY / AFP
ကလေးငယ်တွေကို အဆုပ်ရောဂါရှိ မရှိစမ်းသပ်ဖို့အတွက် အကုန်အကျသက်သာတဲ့ နည်းလမ်းတခုကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ သိပ္ပံပညာရှင်တွေက ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။ ကမ္ဘာတဝန်းမှာ အသက် ၅ နှစ်အောက် ကလေးသူငယ် ၂ သိန်း ၄ သောင်းခန့် TB အဆုပ်ရောဂါနဲ့ နှစ်စဉ်သေဆုံးနေရပါတယ်။ ဒီရောဂါဟာ စောစီးစွာ စစ်ဆေးတွေ့ရှိမယ်ဆိုရင် ကုသပျောက်ကင်းနိုင်ပေမယ့် စစ်ဆေးသိရှိဖို့ အခက်အခဲတွေကြောင့် အခုလို အမြောက်အများ သေဆုံးနေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိအသုံးပြုနေတဲ့ စမ်းသပ်နည်းတွေဟာ ငွေကုန်ကြေးကျ များလွန်းပြီး မြို့ကြီးတွေက ဆေးရုံ စမ်းသပ်ခန်းတွေမှာသာ ပြုလုပ်နိုင်ပါတယ်။ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အဆုပ်ရောဂါရံပုံငွေအဖွဲ့က သုတေသနပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်အရ ကလေးတွေရဲ့ မစင်ကနေ စမ်းသပ်နိုင်တဲ့အတွက် ငွေကြေးသက်သာပြီး တောနေကျေးလက်တွေမှာပါ စမ်းသပ်နိုင်တယ်လို့ ဆိုပါတယ်။ အခုနည်းအရ စမ်းသပ်ခန်းငယ်တွေမှာ စစ်ဆေးနိုင်မှာဖြစ်တဲ့အတွက် နှစ်စဉ်သေဆုံးနေတဲ့ ကလေးတဝက်လောက်ကို ကယ်တင်နိုင်တော့မှာဖြစ်တယ်လို့ စမ်းသပ်တွေ့ရှိခဲ့တဲ့ ပညာရှင်တဦးကပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အဆုပ်ရောဂါ စမ်းသပ်ဖို့ နည်းသစ်တွေ့ပြီ  အဆုပ်ရောဂါ စမ်းသပ်ဖို့ နည်းသစ်တွေ့ပြီ Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.