ဘားအံ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဓါးကိုင်သောင်းကျန်းသူတစ်ဦးကို အောက်တိုဘာလ ၂၄ရက်နေ ညနေပိုင်းက ဓါးကိုင်သောင်းကျန်းသူတစ်ဦးကို ဖမ်းဆီးအရေးယူထား ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့် ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာအုပ်စု၊ ရွာမ(၃)ရပ်ကွက်တွင် အမျိုးသားတစ်ဦးအရက်သေစာ သောက်စားမူးယစ်ပြီးဓါးကိုင်သောင်းကျန်းနေကြောင်း သတင်းအရ အိန္ဒုနယ်မြေရဲစခန်းနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်ကျော်ကို ဦးစီးအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်ထိန်းသိမ်းခဲ့ရာ ရွာမ(၃)ရပ်ကွက် လမ်းမပေါ်တွင် ဓါးကိုင်ရမ်းကားနေသူ စောကလိုးဝါး(ခ)အောင်နိုင်ဦး(ခ)ကျွဲရိုင်း(ခ)မိုက်ခဲ(ခ)အပု၊(၃၀-နှစ်)ကို အရိုးအသွား(၁၂)လက်မခန့် သံရိုးတပ်ဓါးဦးချွန်တစ်ချောင်းနှင့်အတူ တွေ့ရှိ၍ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး စောကလိုးဝါး(ခ)အောင်နိုင်ဦး(ခ)ကျွဲရိုင်း(ခ)မိုက်ခဲ(ခ)အပုကို အိန္ဒုနယ်မြေရဲစခန်းက (ပ)၁၃၂/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
မင်းသူ(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/pg/Hpaannews.kayin
ဘားအံမြို့နယ်တွင် ဓါးကိုင်ရမ်းကားသည့် အမျိုးသား တစ်ဦးကို အမှုဖွင့်အရေးယူထား
Reviewed by THITHTOOLWIN
on
18:12
Rating: