အသက် ၅ နှစ်အရွယ်ကလေးက ကျောကုန်းကိုထုသ့်အတွက် ဒေါသအလျှောက်လည်ပင်းညှစ်သတ်မိမှုဖြစ်ပွား


မုနိမြီ၊ အောက်တိုဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် အသက် ၆ နှစ်အရွယ်ကလေးငယ်ကိုအဓမ္မပြုကျင့်သတ်ဖြတ်သွားသည်ဆိုသည့် လူသတ်မှုဖြစ်စဉ်မှာသတင်းအမှားဖြစ်ပြီး ဒေါသအလျှောက်သတ်မိခြင်းသာဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။

၂၀၁၈ အောက်တိုဘာလ ၂၄ ရက်၊ နေ့ခင်း ၁၂ နာရီခန့်က မြိတ်မြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာရှိ သစ်ယားတောဘုန်းကြီးကျောင်းနှင့် ပေ ၁၆၀ ကျော်အကွာချုံထဲ၌ မိန်းကလေးငယ်တစ်ဦး သေဆုံးနေကြောင်း၊ သတင်းပေးအကြောင်း ကြားခဲ့သည့်အတွက် မြိတ်မြို့မရဲစခန်းက စခန်းမှူးဒုရဲမှူးချိုလွင်ဦးဆောင်သောအဖွဲ့နှင့် အသိသက်သေများကသွားရောက်ကြည့်ရှုစစ်ဆေးရာ
သေဆုံးသူမှာအသက် (၅)နှစ်အရွယ်မပြည့်စုံဝင်းဖြစ်ပြီး၊ ပြင်ပဒဏ်ရာမတွေ့ရသည့်အတွက် မြိတ်မြို့ဆေးရုံသို့တင်ပို့၍ စစ်ဆေးခဲ့သည်။ ဆေးစာ စစ်ဆေးချက်အရ အသက်ရှုလမ်းကြောင်းပိတ်ဆို့ပြီး သေဆုံးသွားရခြင်းဖြစ်ကြောင်း မြို့မစခန်းမှူးဒုရဲမှူးချိုလွင် Munimary News Agency သို့ ပြောကြားသည်။

ကလေးကိုမုဒိမ်းကျင့်သတ်လိုက်တယ်လို့ အွန်လိုင်းပေါ်မှာပြန့်နှံ့တဲ့သတင်းတွေက ကနဦးထင်မြင်ယူဆချက်နဲ့ ဆိုတော့ သတင်းမှားသွားတာပါ၊ ဆေးရုံကဆရာဝန် ကိုယ်တိုင်စစ်ဆေးတဲ့အခါမှာ ကျွန်တော်လည်းပါတယ်၊ ပြင်ပဒဏ်ရာတစ်ခုမှမတွေ့ရဘူး၊ လည်ပင်းညှစ်ခံရပြီးတော့ သေဆုံးသွားရတာဖြစ်ပါတယ်၊ တရားခံကိုလည်းဖမ်းမိထားပြီး သူကိုယ်တိုင်လည်း မုဒိမ်းမကျင့်ခဲ့ကြောင်း သူ့ကျောကုန်းကိုအမှတ်မထင်ထုလိုက်တဲ့အတွက် ဒေါသအလျှောက်လည်ပင်းကို ညှစ်လိုက်တာကနေ လက်လွန်သေဆုံးသွားခြင်းဖြစ်တယ်လို့ ပြောပါတယ်” ဟု ဒုရဲမှူးချိုလွင် Munimary News Agency သို့ ပြောကြားသည်။

"အခင်းမဖြစ်ခင် ယင်းနေ့ နံနက် ၈ နာရီခွဲခန့်က ကျောက်ဖြူတောင်ကျေးရွာရှိ ပိတ်ယာတောဘုန်းကြီးကျောင်း၌ မောင်မောင်သိန်း(ခ)အရှည်ကြီး၊ ၂၆ နှစ်သည်ထမင်းစားသွားခဲ့သည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။ ထိုအချိန်တွင် သေဆုံးသူ မပြည့်စုံဝင်းသည် သူငယ်ချင်းများနှင့်ကစားနေကြစဉ် မောင်မောင်သိန်း(ခ)အရှည်ကြီး၏ကျောကုန်းကို ထုလိုက်သည့်အတွက် ဒေါသထွက်သွားသဖြင့် ကျောင်းအပြင်သို့ခေါ်ဆောင်သွားခဲ့ကာ လည်ပင်းညှစ်သတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“ကလေးကဆော့ရင်းနဲ့သူ့ကျောကုန်းကိုထုလိုက်တဲ့အတွက် ဒေါသထွက်ပြီး ကျောင်းအပြင်ဘက်မှာရှိတဲ့ (မာလာချဉ်သီး)ဒေသအခေါ် ခပုန်းချဉ်သီးသွားခူးစားမယ်ဆိုပြီးခေါ်သွားတာတဲ့။ အဲဒီမှာ ကလေး ၁၂ ယောက်လောက်လိုက်ပါသွားပြီး ကျန်တဲ့ကလေးတွေပြန်သွာတဲ့အချိန်မှာ အရှည်ကြီးက မပြည့်စုံဝင်းရဲ့လည်ပင်းကိုညှစ်လိုက်တာလက်လွန်သေဆုံးသွားတဲ့အတွက် အလောင်းကိုချုံပုတ်ထဲမှာထားရစ်ခဲ့ပြီး ဘုန်းကြီးကျောင်းမှာ တရားတွေနာပြီးမှ ပြန်သွားတယ်။ နောက်ဆုံးကျတော့ကလေးမိဘတွေက သမီးပျောက်လို့ မေးမြန်းတဲ့အခါမှာ သူကိုယ်တိုင်အခင်းဖြစ်နေရာကို လိုက်ပြပေးတာတဲ့” ဟု ဒုရဲမှူးချိုလွင် Munimary News Agencyသို့ ပြောကြားပသည်။

"ထိုသို့ အရှည်ကြီး(ခ)မောင်မောင်သိန်း အသက် ၂၆ နှစ် လူသတ်မှုကျူးလွန်ပြီးနောက် အလောင်းကိုချုံတော၌ပစ်ထားခဲ့၍ ကျောင်းသို့ပြန်လာကာတရားနာသွားခဲ့ပြီး နေအိမ်သို့ပြန်သွားခဲ့ကြောင်း၊ ကလေးမိဘများကသမီးလေးပျောက်ဆုံးနေသည့်အတွက် ၎င်းထံသို့မေးမြန်းခဲ့ရာတွင် အခင်းဖြစ်နေရာသို့ သူကိုယ်တိုင်လိုက်ပြပေးကာ ဒေါသအလျှောက်လည်ပင်းညှစ်လိုက်ရာမှလက်လွန်သေဆုံးသွားရခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်"ဟု စုံစမ်း သိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ တရားခံ အရှည်ကြီး(ခ)မောင်မောင်သိန်းအား ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် မြိတ်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

သာခိုင်(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews
အသက် ၅ နှစ်အရွယ်ကလေးက ကျောကုန်းကိုထုသ့်အတွက် ဒေါသအလျှောက်လည်ပင်းညှစ်သတ်မိမှုဖြစ်ပွား အသက် ၅ နှစ်အရွယ်ကလေးက ကျောကုန်းကိုထုသ့်အတွက် ဒေါသအလျှောက်လည်ပင်းညှစ်သတ်မိမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.