ဘိုကလေးမြို့မ ရဲစခန်းအချုပ်အတွင်း၌ နောက်ပြောင်ရာကနေ လုံခြုံရေးရဲတပ်ဖွဲ့တပ်သား တစ်ဦးကိုင်ဆောင်ထားသည့်သေနတ်မှကျည်ထွက်ပြီး အချူပ်သားတစ်ဦး ကျည် ထိမှန်သေဆုံး


ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့ ၊ မြို့မရဲစခန်းအချုပ်၌ အောက်တိုဘာလ(၂၈)ရက်၊ ညနေပိုင်းကအလှည့်ကျကင်းရဲတပ်သားတစ်ဦး ကိုင်ဆောင်ထားသောသေနတ်မှမောင်းခလုတ်နှိပ်မိရာကနေအချုပ်သားတစ်ဦး ကျည်ဆံထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာအောက်တိုဘာလ{၂၈ရက်}၊ ညနေ{၄}နာရီ {၁၅}မိနစ်အချိန်ခန့်က ဘိုကလေးမြို့မရဲစခန်းအချုပ်တွင် အချူပ်သားနှစ်ဦးမှ သတင်းဂျာနယ်တစ်ခုပါသတင်းနှင့် ပတ်သက်၍စကားအပြန် အလှန်ပြောဆိုနေကြစဉ် အလှည့်ကျကင်းရဲတပ်သားအောင်သူ မှသေနတ်ကိုင်ဆောင်ချိန်ရွယ်လျက် ၎င်းတို့နှစ်ဦးစကားပြောနေသည့် အချုပ်ခန်းဘေးသို့ ရောက်ရှိသွားခဲ့ပြီး ၊"မင်းတို့ ရုတ်ရုတ်မလုပ်နဲ့၊ ငါစမ်းသပ်ရမလား"ဟု စနောက်ပြောင်ပြောဆိုရင်းသေနတ်မောင်းခလုတ်အား ဆွဲမိရာကနေ ကျည်တစ်ထောင့်ထွက်သွားကာ အချုပ်ခန်းအတွင်းရေချိုးသည့်နေရာမှထွက်လာသော အချုပ်သားထွန်းမင်း(ခ)ကလေးငယ်အသက်{၁၉}နှစ်(၁၃လမ်း ၊၁၀ရပ်ကွက်၊ဘိုကလေးမြို့နေ) ၏ ပါးစပ်တွင်းသို့ကျည်ဖောက်ဝင်ထိမှန်သွားခဲ့၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍သေနတ်အားပေါ့ဆစွာ ကိုင်ဆောင်သူရဲတပ်သားအောင်သူအား{ပ}၄၁၅/၂၀၁၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၀၄/{က}ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိပြီး၊ အချူပ်ခန်းအတွင်းကျည်ဆံထိမှန်သေဆုံးသူ ထွန်းမင်း(ခ)ကလေးငယ်အားအောက်တိုဘာလ {၂၉}ရက် ညနေ{၅}နာရီအချိန်တွင် ဘိုကလေးမြို့၊ သုသာန်တွင် ဘာသာတရားနှင့်အညီသဂြိင်္ုဟ်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။

မအူပင်သတင်းပုံရိပ်
https://www.facebook.com/pg/maubinnewimage
ဘိုကလေးမြို့မ ရဲစခန်းအချုပ်အတွင်း၌ နောက်ပြောင်ရာကနေ လုံခြုံရေးရဲတပ်ဖွဲ့တပ်သား တစ်ဦးကိုင်ဆောင်ထားသည့်သေနတ်မှကျည်ထွက်ပြီး အချူပ်သားတစ်ဦး ကျည် ထိမှန်သေဆုံး ဘိုကလေးမြို့မ ရဲစခန်းအချုပ်အတွင်း၌ နောက်ပြောင်ရာကနေ လုံခြုံရေးရဲတပ်ဖွဲ့တပ်သား  တစ်ဦးကိုင်ဆောင်ထားသည့်သေနတ်မှကျည်ထွက်ပြီး အချူပ်သားတစ်ဦး ကျည် ထိမှန်သေဆုံး Reviewed by THITHTOOLWIN on 10:28 Rating: 5
Powered by Blogger.