(ဓာတ်ပုံ- မူစဲထွန်း ပို့စ်) |
နိရဉ္စရာ၊ အောက်တိုဘာ ၂၆
ဒေါက်တာအေးမောင်အား ၀ိုင်းရံသူ ဦးအောင်သန်းဝေကို စစ်တွေမြို့နယ် တရားရုံးမှ အမှုနှစ်ခုဖြင့် ယနေ့တွင် ထောင် (၆) လမှတ်လိုက်သည်ဟု သတင်းရရှိသည်။
ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ညွှန့်မောင်က “ ပုဒ်မ ၅၀၅ နဲ့ ၆ လ၊ ပုဒ်မ ၁၀ နဲ့ ၆လ၊ အမှုနှစ်ခုကို တစ်ပေါင်းတည်းကျခံရမယ်လို့ စစ်တွေမြို့နယ် တရားရုံးက အမိန့်ချတဲ့ အတွက် ထောင် ၆ လကျသွားတာဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံသားဆိုင်ရာ ခြိမ်းခြောက်မှု အက် ဥပဒေ ပုဒ်မ ၅၀၆ နှင့် ၆ လ၊ နိုင်/လွန်/ လုံ ဟု လူသိများသည့် နိုင်ငံသား အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ဖြင့် ၆ လဖြစ်ကြောင်း သူက ပြောဆိုသည်။
ဦးအောင်သန်းဝေကို ယခင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင်မောင်ဆွေ က ပုဒ်မက ၂ ခု ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန် ၂၁ ရက်နေ့က ဖမ်ဆီးခံခဲ့ရသည်။
ဦးအောင်သန်းဝေမှ လူသတ်လက်နက်ကိုင်ဆောင်ထားသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ မြောက်ဦးလူသတ်မှု တရားခံ ဘယ်သူလဲ ဆိုတဲ့ ခေါင်းစဉ်ဖြင့် ရုပ်သံဖိုင် ပူးတွဲ တင်မှုကြောင့် တရားစွဲဆို ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဦးအောင်သန်းဝေမှာ စစ်တွေထောင်ထဲတွင် ၄ လကျော် ထောင်ကျခံထားရပြီဖြစ်သဖြင့် နောက်ထပ် တစ်လကျော်သာ ထောင်ကျခံရမည် ဖြစ်ကြောင်း သိရသည်။
Narinjara
https://www.facebook.com/pg/Narinjara-151742128171206
ဦးအောင်သန်းဝေကို အမှုနှစ်ခုဖြင့် ထောင် ၆ လချ
Reviewed by THITHTOOLWIN
on
19:13
Rating: