မန္တလေး၊ အောက်တိုဘာ ၂၆
၂၅-၁၀-၂၀၁၈ ရက်နေ့ ည ၉ နာရီ ၄၅ အချိန် အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ ကျောက်တော်ကြီး ဘုရားပွဲတွင် လူငယ်တစ်စု စကားများရန်ဖြစ်ကြောင်း သတင်းအရ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းပြီး ၀မ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာရရှိသူအား မန္တလေးဆေးရုံကြီးသို့ တင်ပို့ပေး၍ အဆိုပါ လူငယ်များအတွင်းမှ အောင်ပြည့်ဖြိုး ၁၈ နှစ်၊ ပုဏ္ဏားကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့သဖြင့် အမှတ်(၂)နယ်မြေရဲစခန်း (ပ)၄၀၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရရှိသူအား သွားရောက်စစ်ဆေးရာ ကျော်ဇင်စိုးဖြစ်ကြောင်း၊ ၎င်းတွင် ရင်ဘတ်ဝဲဘက်ထိုးသွင်းဒဏ်ရာ ရရှိထားကြောင်း တွေ့ရှိရသဖြင့် စုံစမ်းရာ တစ်ရပ်တည်းနေ သူငယ်ချင်းများနှင့်အတူ ကျောက်တော်ကြီးဘုရားပွဲသို့ သွားရောက်လည်ပတ်ပြီး ပြန်ထွက်လာစဉ် ကျုံးအရှေ့မြောက်ထောင့် ၆၆ လမ်း၊ ၁၂x၁၃ လမ်းကြား အရောက်၌ လူတစ်စုနှင့် ဘုရားပွဲသွားသည့် ၎င်းတို့အဖွဲ့အတွင်းမှ တစ်ဦးတို့ ပုခုံးချင်းတိုက်မိခဲ့ကြောင်း၊ ထို့နောက် ပုခုံးချင်းတိုက်မိသည့် အဖွဲ့သည် ကျော်ဇင်စိုး တို့အဖွဲ့နောက်သို့ လိုက်လာပြီး အတူပါလာသည့် သူငယ်ချင်းများ၏ မိန်းမများနှင့် အောင်ကိုကိုခန့် ၏အမေ တို့အား မကြားဝံ့မနာသာအောင် လိုက်လံ ပြောဆိုပြီး အခြေအနေတင်းမာ၍ ရုန်းရင်းဆန်ခတ်ဖြစ်စဉ် အဆိုပါအဖွဲ့အတွင်းမှ တစ်ဦးသည် အသင့်ပါလာသည့် ဓါးဖြင့်ထိုးရာမှ ကျော်ဇင်စိုး ၏ ရင်ဘတ်ဝဲဘက်ဒဏ်ရာရရှိခဲ့သဖြင့် မန္တလေး ဆေးရုံကြီးသို့ တင်ပို့ရာ ည ၁၀ နာရီ ၂၅ အချိန် သေဆုံးခဲ့သဖြင့် တရားခံဖမ်းဆီးရမိရေး မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်ခဲ့ရာ ည ၁၁ နာရီအချိန် ဓါးဖြင့်ထိုးသူ ထက်နိုင်ဝင်း(ခ)ကုလား ၂၂ နှစ်၊ ပုဏ္ဏားကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် နေသူအား ၂၆x၈၄ လမ်းထောင့်၊ ဈေးချိုနာရီစင်အနီး၌ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံဓါးအား ဆက်လက်သိမ်းဆည်း ရမိခဲ့သည်။
ဆက်လက်၍အမှုတွင်ပါဝင်ကျူးလွန်သူ ဇော်နိုင်ထွန်း(ခ)လေကြီး၊ ဇင်မျိုးဝင်း(ခ) ဂေါက်ကြီး၊ အောင်ဇင်မျိုး၊ ၀ူးထက်ထက်၊ သော်ဇင်လတ်(ခ)သော်ကြီး၊ မြတ်စည်သူ(ခ)မဲကြီး၊ ဖြိုးငွေစိုး(ခ)ထော်ငြမ်း၊ ကျော်ခိုင်မွှေး(ခ)မွေးကြီး၊ ကျော်ကျော်ထက်၊ သူရထက်လင်း နှင့် ဘီးကုတ် တို့ ၁၁ ဦးအား ပုဏ္ဏားကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ကျန်တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၂၆-၁၀-၂၀၁၈ ရက်နေ့ နံနက်၂ နာရီ ၂၀ အချိန် မင်းမင်းထွန်း(ခ)ဖြိုးသက်ဟိန်း၊ ဟိန်းထက်အောင် (ခ)နေထွန်းနိုင်၊ ဇော်ငြိမ်း၊ မိုးကြီး နှင့် မသိမ့်သိမ့်သူ တို့အား ပုဏ္ဏားကုန်းကျေးရွာရှိ ၎င်းတို့၏နေအိမ်များတွင် အသီးသီးဖမ်းဆီးရမိ ခဲ့သဖြင့် အမှုတွင်ပါဝင်သူ စုစုပေါင်း ၁၈ ဦးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Mandalay Police
https://www.facebook.com/mandalaypolice
ဘုရားပွဲတွင် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
19:06
Rating: