ရန်ကုန်- မော်ကျွန်း ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် တိမ်းမှောက် ၃ ဦးသေ ၉ ဦးဆေးရုံတင်ထားရ


ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ်ရေလဲကလေးကျေးရွာအနီးတွင် အောက်တိုဘာ ၂၃ ရက် နေ့လည် ၁ နာရီခန့်က ရန်ကုန်-မော်ကျွန်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်တိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီး ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ယာဉ်မောင်း သက်နိုင်ဦး မောင်နှင်သည့် ခရီးသည်တင်ယာဉ်မှာ စလစ်ဖြစ်ကာ တစ်ပါတ်လည် တိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီး ၃ ဦး ကားပိသေဆုံးခဲ့ပြီး ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်သွားကာ ယာဉ်နောက်လိုက် အောင်မျိုးဦးကိုလည်း ဆေးရုံသို့ တင်ပိုခဲ့ရကြောင်း သိရသည်။“ရန်ကုန်ကနေ မော်ကျွန်းကို ပြန်လာတဲ့ကားပါ စလစ်ဖြစ်ပြီး လမ်းဘေးက သစ်ပင်ကို ဝင်တိုက်ပြီး တစ်ပတ်လည် တိမ်းမှောက်ခဲ့တာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ကားတိမ်းမှောက်ရာနေရာသို့ မအူပင်ခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ဒေသခံများ ရောက်ရှိခဲ့ပြီး ကားပိနေသူများကို ဆွဲထုတ်ခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ဖြစ်စဉ်အရ ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ယာဉ်မောင်း သက်နိုင်ဦးကို မအူပင်မြို့မ ရဲစခန်းမှ အမြန်ဆုံးဖမ်းဆီးရမိရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ရန်ကုန်- မော်ကျွန်း ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် တိမ်းမှောက် ၃ ဦးသေ ၉ ဦးဆေးရုံတင်ထားရ ရန်ကုန်- မော်ကျွန်း ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် တိမ်းမှောက် ၃ ဦးသေ ၉ ဦးဆေးရုံတင်ထားရ Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.