ဘားအံ ၁၆ စက်တင်ဘာ
ကရင်ပြည်နယ်၊ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက အကျဉ်ထောင်ဝန်ထမ်း ကျော်ဝင်းစိန်ကို ထိုးကြိတ်၍ ကားပေါ်မှဆွဲချကာ အဆိုပါ ဝန်ထမ်း မောင်းနှင်သည့် ယာဉ်ကိုယူဆောင်ကာ ထောင်ဒဏ်လွတ်ရက်မရှိ ပြစ်ဒဏ်ကျနေသော ကျော်မိန်လ(ခ)အရှောင်(ခ)ကျော်ဖကုလား(ခ)မိန်လှ က မောင်းနှင်ပြီး အကျဉ်းထောင်တံခါး လေးဆင့်ကိုတိုက်ကာထွက်ပြေး လွတ်မြောက်သွားခဲ့သည့် အကျဉ်းသား ၄၁ ဦးအနက် ၁ဝ ဦး ပြန်လည်ဖမ်းဆီးရမိထားပြီး ယူဆောင်သွားသည့် ယာဉ်ကိုလည်း ပြန်လည် တွေ့ ရှိခဲ့၍သိမ်းဆည်းထားပြီဖြစ်ကြောင်း သိရသည်။
ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သဖြင့် ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ရဲအုပ်လှဟန်ဦးစီးအဖွဲ့က ဝတုတ်(ခ)စည်သူကျော်၊ စောကျော်ပိ၊ ရဲနောင်ဖြိုး(ခ)သဲမောင်တို့သုံးဦးကို ဘားအံမြို့နယ် မိဇံကျေးရွာဇရပ်တွင်လည်းကောင်း၊ ညနေ ၄ နာရီ အချိန်တွင် ရဲတပ်ကြပ်အောင်မျိုးသူနှင့်အဖွဲ့က စောထူး(ခ)ဗီလားကို ဘားအံမြို့၊မဲဘောင်ဈေးရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် လည်းကောင်း၊ ရဲမှူးကြီး တင်ဦး ဦးစီးအဖွဲ့က ညနေ ၄ နာရီ မိနစ် ၄ဝ အချိန်တွင် ထွန်းထွန်းသန်း(ခ)ကိုနေ ကိုလည်းကောင်း၊ ညနေ ၄ နာရီ မိနစ် ၅ဝ အချိန်တွင် ဝဏ္ဏ(ခ)ဖြိုးတေဇတို့နှစ်ဦးကို ဘားအံမြို့နယ်၊နောင်ပလိန်ကျေးရွာတွင်လည်းကောင်း၊ ညနေ ၅ နာရီအချိန် ရဲအုပ် သန်းဇော်မြင့် ဦးစီးအဖွဲ့က ဝင်းအောင်(ခ)မိုးဒီကို ဘားအံမြို့နယ်၊ကော့လှိုက်ကျေးရွာတွင် လည်းကောင်း၊ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် ရဲမှူးကြီး တင်ဦး ဦးစီးအဖွဲ့က ပြည်ဟိန်းကို ဘားအံမြို့နယ်၊နောင်ပလိန်ကျေးရွာတွင် လည်းကောင်း၊ ညနေ ၆ နာရီ မိနစ် ၂၀ အချိန်တွင် ရဲအုပ်ကြည်တိုး ဦးစီးအဖွဲ့က အောင်ဝင်းနှင့် ထွန်းထွန်းဦးတို့နှစ်ဦးကို ဘားအံမြို့နယ်၊တဝန်ဖန်ရလယ်ကွင်းထဲမှလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးအနက် ၁၀ ဦးကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မင်းသူ(ဘားအံ)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးအနက် ၁ဝ ဦး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
06:08
Rating:
![ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသား ၄၁ ဦးအနက် ၁ဝ ဦး ဖမ်းဆီးရမိ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpmaYKE3BHJXM9ZPg5sjmmCAijNQgh_uESQGAzIQOu6-ndQ9m6pebLJysAcfS52RboKZ8JVcnmCJZPFhISM8isZAHMxRhDfcyp6qKwFswcuv4QjxqF0_7L86ti8na9hN0Dqv4hl5TKETQ/s72-c/24.jpg)