(ထိုင်းနိုင်ငံ စစ်အစိုးရ ခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ ကို တွေ့ရစဉ်) |
ဒါပေမဲ့ ၀န်ကြီးချုပ် ပရာယွတ် အနေနဲ့ လာမယ့်နှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာလား၊ ဒါမှမဟုတ် ရွေးကောက်ခံ မဟုတ်တဲ့ ပြင်ပ ၀န်ကြီးချုပ်အဖြစ် အသစ်ပေါ်လာမယ့် လွှတ်တော်က ခန့်အပ်နိုင်ရေး နည်းလမ်းမျိုး ရှာကြံမှာလား ဆိုတာ မရှင်းလင်းသေးပါဘူး။
ပရာယွတ် ဟာ ၂၀၁၄ မေလ အာဏာသိမ်းခဲ့စဉ်က နိုင်ငံရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မပြောဆိုခဲ့ပါဘူး။ ဒါ့ပြင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်မယ်၊ ဒီလအစောပိုင်းအထိ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ပိတ်ပင်ထားမယ်လို့ ကြေညာခဲ့တာပါ။
ဒါပေမဲ့ မနေ့ကတော့ ၀န်ကြီးချုပ် ပရာယွတ် က နိုင်ငံရေး နေရာတွေမှာ တာဝန်ထမ်းဖို့ စိတ်ဝင်စားတယ်ဆိုတာ အခုတော့ ပြောနိုင်ပါပြီလို့ မနေ့က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
ပရာယွတ် နဲ့ သူ့ကိုထောက်ခံသူတွေဟာ ပြီးခဲ့တဲ့ လပေါင်းအတော်ကြာကတည်းက စစ်တပ်အပေါ်လိုလားတဲ့ နိုင်ငံရေးပါတီတွေကို စည်းရုံးနေခဲ့ရာမှာ၊ အနည်းဆုံး ပါတီ သုံးခုက ပရာယွတ် ၀န်ကြီးချုပ် ဖြစ်လာရေး ထောက်ခံကြောင်း ကြေညာခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ထိုင်း ဝန်ကြီးချုပ် ပြော
Reviewed by THITHTOOLWIN
on
10:21
Rating: