မူးယစ်အမှုဖြင့် စစ်ဆေးဆဲကာလ အချုပ်ယာဉ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ထွက်ပြေးနေသူအား ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ
ဘားအံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်နေ သည့်အကျဉ်းသား ၂၀ ဦးအား ဖမ်းဆီးရမိရေးအတွက် ဘားအံခရိုင်မှုခင်းနှိမ်နင်းရေး အဖွဲ့ ခေါင်းဆောင် ရဲအုပ် သက်စိုးဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် စက်တင်ဘာ ၁၉ ရက် ညနေ ၆နာရီခွဲအချိန်ခန့်က မူးယစ်အမှုဖြင့် စစ်ဆေးဆဲကာလတွင် အချုပ်ယာဉ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ထွက်ပြေးနေသည့် တရားခံပြေးတစ်ဦးကို လှိုင်းဘွဲမြို့နယ်ပိုင်ကျုံကျေးရွာ၊မြင့်စိုကားဝပ်ရှေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိခဲသည့် မြင့်စိုးအောင်(ခ)တိုတို ၃၀နှစ်၊မြိုင်သာယာကျေးရွာ၊ ဘားအံမြို့နယ် နေသူမှာ လွန်ခဲ့သည့် ၂၀၁၇ခုနှစ် မေ ၁၄ ရက်က WYဆေးပြား၂၇၈ ပြားနှင့်အတူဖမ်းဆီးရမိ၍ ဘားအံမြို့မရဲ စခန်းက မယ(ပ)၄၅/၂၀၁၇၊မူးစိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် ဘားအံခရိုင် တရားရုံး
သို့  တရားစွဲတင်ပို့စစ်ဆေးခဲ့ရာမှ ၂၀၁၇ခုနှစ် ၊ဇူလိုင် ၂၅ရက်နေ့ ညနေပိုင်းအချိန်က ဘားအံတရားရုံးမှဘားအံအကျဉ်းထောင်သို့ တရားရုံးထုတ်အချုပ်ယာဉ်ဖြင့် ပြန်လည်ပို့ဆောင်စဉ် ဘားအံမြို့နယ်၊ ဘားအံ-လှိုင်းဘွဲကားလမ်း၊ တောင်ကလေးကျေးရွာအနီးအရောက် ၎င်းနှင့် ကျန်အချုပ်သားသုံးဦးတို့ ပေါင်းကာ လုံခြုံရေးတာဝန်ကျရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီး အချုပ်ယာဉ်ပေါ်မှ ခုန်ချထွက်ပြေး လွတ်မြောက်သွားသဖြင့် ဘားအံမြို့မရဲစခန်းက အမှုရေးဖွင့်ထားပြီး အဆိုပါနှစ်မှုဖြင့် ဘားအံမြို့မရဲစခန်းက အလိုရှိသည့် တရားပြေးတစ်ဦးဖြစ်ကြောင်း သိရသည်။
မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မူးယစ်အမှုဖြင့် စစ်ဆေးဆဲကာလ အချုပ်ယာဉ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ထွက်ပြေးနေသူအား ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
22:05
Rating: