မြစ်ကြီးနား၊ စက်တင်ဘာ၂၃
ဖားကန့်မြို့နယ် ကာမိုင်းမြို့အပိုင်နယ်မြေ အတွင်း မှ ဒုတိယကမ္ဘာစစ်လက်ကျန် ဟုယူဆရသည့် တင့်မော်တော်ယာဉ်အပျက်တစ်စီးကို စက်တင်ဘာ ၂၂ရက်ကဒေသခံပြည်သူများမှ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တင့်မော်တော်ယာဉ် အပျက်ကို ကာမိုင်းမြို့ အနောက်မြောက်ဖက် ၂၄မိုင်ခန့်အကွာရှိ ၀ါယာဇွတ်ကျေးရွာအနီး လီဒိုလမ်းမကြီးနှင့် ၃ဖာလုံ ခန့်အကွာ နန်ဆန်ချောင်းအတွင်း တွေ့ရှိခြင်းဖြစ်ကာ အမြင့် (၈)ပေ၊ အလျား (၁၆)ပေနှင့်အနံ (၈)ပေရှိပြီး အဆိုပါ တင့်မော်တော်ယာဉ်တွင် အသားတံဆိပ်နံပါတ် D37904C ဟု ရိုက်နှိပ်ပါရှိကြောင်း သိရသည်။
ဒေသခံပြည်သူများ ၏ ဆက်သွယ်သတင်းပို့ချက်အရ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများက စက်ယန္တရား အသုံးပြု၍ သွားရောက် ဆယ်တင်ကာ နယ်မြေခံတပ်မှတဆင့် သက်ဆိုင်ရာသို့ သတင်းပို့ဆက်သွယ်ကာ ထိန်းသိမ်းစောင့်ရန်စီစဉ်နေကြောင်း ဒေသခံပြည်သူများ ၏ပြောကြားချက်အရ သတင်းရရှိသည်။
ကျော်သက်ဦး
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ဒုတိယကမ္ဘာစစ် လက်ကျန်ဟု ယူဆရသည့် တင့်မော်တော်ယာဉ် အပျက်တစ်စီး အားဖားကန့်မြို့နယ် အတွင်းတွေ့ရှိ
Reviewed by THITHTOOLWIN
on
21:58
Rating: