(မန်ခွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်က ရေလွှမ်းမိုးနေတဲ့ လယ်ကွင်းတွေကို တွေ့ရစဉ်) |
နိုင်ငံတကာအနေနဲ့ ဖိလစ်ပိုင် တောင်သူလယ်သမားတွေကို ပိုမို အကူအညီပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ဖိလစ်ပိုင် မြောက်ပိုင်းမှာ အိုးအိမ်တွေ ပျက်စီးခဲ့ရပြီး၊ မြေပြိုတာတွေကြောင့်လည်း လူအသေအပျောက် များခဲ့ရပါတယ်။
မုန်တိုင်းကြောင့် ဆန်နဲ့ ပြောင်း သီးနှံတွေ ပျက်စီးခဲ့ရာမှာ စုစုပေါင်း တန်ဖိုး အနည်းဆုံး ဒေါ်လာ ၁၇၇ သန်းဖိုးလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဖိလစ်ပိုင်ဟာ ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
၂၀၁၃ ခုနှစ်တုန်းကလည်း ဖိလစ်ပိုင်မှာ ဟိုင်ယန် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့လို့ လူ ၆၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မန်ခွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်က ကောက်ပဲသီးနှံတွေ ပျက်စီး
Reviewed by THITHTOOLWIN
on
10:35
Rating: