ဘူးသီးတောင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား


ဘူးသီးတောင် စက်တင်ဘာ ၁၇

ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စု ကင်းတောင် ကျေးရွာတွင် မီးလောင်းမှုကြောင့် ဖုံညိုလိပ်နယ်မြေရဲစခန်းမှ ဒုရဲအုပ်ဇေယျာမင်းဝေ ဦးစီး(၆)ဦးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ စက်တင်ဘာလ ၁၇ ရက်နံနက် ၁း၁၅ အချိန်သွားရောက်စိစစ်ရာ ကင်းတောင်ကျေးရွာနေ အာလာဝါဒင် (၄၀)နှစ်၏ဆန်စက်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးကူးစက်မှုကြောင့် လူနေအိမ်(၅)လုံး၊ ဈေးဆိုင်ခန်း(၁)ခန်းနှင့်ဆန်စက်(၁)လုံးတို့မီးလောင်ကျွမ်းခဲ့ရာရွာသား များဝိုင်းဝန်ကူညီခဲ့မှုကြောင့် ၂း၀၀ နာရီအချိန် မီးငြိမ်သတ်နိုင်ခဲ့သည်။


 အဆိုပါ မီးလောင်မှုကြောင့် လူ၊တိရိစ္ဆာန်ထိခိုက် ဆုံးရှုံးမှုမရှိ ပါကြောင်းနှင့် ကာလတန်ဖိုးစုစုပေါင်းမှာ(၁၂)သိန်းနှင့်(၅)သောင်း ကျပ်ဖြစ်ပြီး အာလာဝါဒင်(၄၀)နှစ်(ဘ)မာမွတ်အီဆက်အား ဥပဒေနှင့် အညီအမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘူးသီးတောင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား ဘူးသီးတောင်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.