ဘူတန် ရွေးကောက်ပွဲ လက်ရှိအာဏာရပါတီ ရှုံးနိမ့်

Photo: UPASANA DAHAL / AFP
ဟိမ၀န္တာတောင်တန်းဒေသက နိုင်ငံငယ်လေးတခုဖြစ်တဲ့ ဘူတန်နိုင်ငံရဲ့ တတိယအကြိမ်မြောက် ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ရှုံးနိမ့်သွားကြောင်း ၀န်ကြီးချုပ် တော့ဘ်ဂေး က ၀န်ခံ အသိအမှတ်ပြုလိုက်ပါတယ်။

အမေရိကန် ဟားဘတ် တက္ကသိုလ်ထွက်ဖြစ်တဲ့ အသက် ၅၈ နှစ်အရွယ် ၀န်ကြီးချုပ် တော့ဘ်ဂေး ရဲ့ ပြည်သူ့ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၃ ခုနှစ်မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တာပါ။

ခေတ်နောက်ကျကျန်ခဲ့တဲ့ ဘုရင်စနစ်နိုင်ငံအဖြစ်ကနေ ဘုရင်ကိုယ်တိုင်က ၂၀၀၈ ခုနှစ်ကစလို့ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းခဲ့တဲ့ ဘူတန်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှုအဆင့်ကို တိုင်းတာတဲ့ GDP အစား၊ တိုင်းသူပြည်သားတွေရဲ့ ပျော်ရွင်ကျေနပ်ချမ်းမြေ့မှုကို အဓိကဦးတည်တိုင်းတာတဲ့ GNH ကို ဦးစားပေးတဲ့အတွက် ကမ္ဘာက စိတ်ဝင်စားခံရတဲ့နိုင်ငံဖြစ်ပါတယ်။

ဒါပေမဲ့ အကျင့်ပျက်ခြစားမှု၊ ကျေးလက်ဒေသဆင်းရဲမှု၊ လူငယ်တွေ အလုပ်အကိုင်ရှားပါးမှုနဲ့ ရာဇ၀တ်ဂိုဏ်းတွေက နိုင်ငံ့စီးပွားရေးကို စိန်ခေါ်နေတယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘူတန် ရွေးကောက်ပွဲ လက်ရှိအာဏာရပါတီ ရှုံးနိမ့် ဘူတန် ရွေးကောက်ပွဲ လက်ရှိအာဏာရပါတီ ရှုံးနိမ့် Reviewed by THITHTOOLWIN on 10:42 Rating: 5
Powered by Blogger.