စင်္ကာပူနိုင်ငံမှာ စက်တင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့က Milken Institute ကျင်းပတဲ့ အာရှစီးပွားရေး လုပ်ငန်းရှင်များ ထိပ်သီးညီလာခံမှာ CNBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းစဉ် ဦးသိမ်းဝေက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးပြဿနာတွေကြောင်း နိုင်ငံတကာဖိအားပေးမှုတွေ၊ အရေးယူမှုတွေ ရှိလာနေချိန်မှာ ဒီအခြေအနေက လွတ်မြောက်နိုင်ပါ့မလားလို့ CNBC ကမေးမြန်းရာမှာ လွတ်မြောက်တယ်ဆိုတဲ့ စကားထက် ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်မလဲလို့ ပြောရမှာဖြစ်ကြောင်း၊ အရင်ကလည်း ကျော်ဖြတ်ခဲ့ရသလို၊ တခြားနိုင်ငံတွေလည်း ကျော်ဖြတ်ဖူးသလို နောက်ဆုံးတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာဖြစ်ပြီး ဘယ်ရွေ့ ဘယ်မျှ ကြာမြင့်ပြီး ဘယ်လောက်ခက်ခဲကြမ်းတမ်းမယ်ဆိုတာပဲ မသိနိုင်တာဖြစ်ကြောင်း ဦးသိန်းငွေက ဖြေကြားခဲ့ပါတယ်။
မိမိတို့နိုင်ငံအတွက် ပြင်းပြင်းထန်ထန်ဝေဖန်ရှုံ့ချပြီး အရေးယူအပြစ်ပေးဖို့ တောင်းဆိုနေသူတွေရှိသလို အာရှနိုင်ငံတွေလို မြန်မာကို နားလည်ပြီး ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတွေလည်းရှိကြောင်း၊ ဒီလိုထိတွေ့ ဆက်ဆံခြင်းက မြန်မာပြည်အတွက် အများကြီး အထောက်အကူဖြစ်ပါကြောင်းလည်း ဦးသိမ်းဝေက ဖြေကြားခဲ့ပါတယ်။
RFA Burmese
https://www.rfa.org
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ မြန်မာရင်းနှီးမြုပ်နှံရေးလုပ်ငန်းရှင် ပြောကြား
Reviewed by THITHTOOLWIN
on
01:40
Rating:
![မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ မြန်မာရင်းနှီးမြုပ်နှံရေးလုပ်ငန်းရှင် ပြောကြား](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFoCDoNWxYCBMSkTnZfwO5vsEWkIpIizRuucFb2lmH43kd8i19r-_aRU5wMViM6Vbj-UJ7Aejm-3Qx1DBhhNzyNBFXO5fXkPhPakUT0-S2rQ6ShWb3uOw91Lf67wEaFuF1pLAdxKs-Nk0/s72-c/14.jpg)