မလှိုင် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ကူကြီးကျေးရွာအုပ်စု ခုနှစ်ချက်ကျေးရွာရှိ ဦးသန်းထွန်း(၇၁)နှစ်၏ နေအိမ်ဝန်းအတွင်း၌ စက်တင်ဘာ ၁၅ရက် ညနေ ၄နာရီ ၄၅မိနစ်ခန့်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား၍ နေအိမ်တစ်လုံးနှင့် တဲတစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မလှိုင်မြို့နယ် ကူကြီးကျေးရွာအုပ်စု ခုနှစ်ချက်ကျေးရွာနေ ဦးသန်းထွန်းသည် ၄င်း၏နေအိမ်မီးဖိုတဲတွင် ထမင်းအိုးတည်ခဲ့ပြီး ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ ကျေးရွာမီးလင်းရေးကိစ္စ အစည်းအဝေးသွားရောက်စဉ် ၄င်းထမင်းချက်မီးဖိုမှ တစ်ဆင့် ထန်းရွက်အားကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် အလျားပေး(၃၀) အနံ(၁၄)ပေ အမြင့်(၁၂)ပေ သွပ်မိုး ထရံကာနေအိမ်တစ်လုံး / အလျား(၂၃)ပေ အနံ(၁၂)ပေ အမြင့်(၁၀)ပေ ထန်းရွက်မိုး ထန်းရွက်ကာ မီးဖိုတဲတစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရစ္ဆာန် ဆုံးရှုံးမှု မရှိကြောင်း မလှိုင်မြို့မ ရဲစခန်းမှ သိရသည်။
မီလောင်မှုဖြစ်ပွားရာသို့ မလှိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဇေယျာအောင်ပါဝင်သော မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး မီးသတ်ယာဉ်နှစ်စီး အရံမီးသတ် (၁၀)ဦး မလှိုင်မြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးသန်းထွန်းပါဝင်သော ရဲတပ်ဖွဲ့ဝင် ၈ ဦး ကျေးရွာသူ ကျေးရွာသားများမှ မီးငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၀မိနစ် ခန့်တွင် မီးငြိမ်းသတ်ခဲ့ကြောင်း မလှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးအားပေါ့ဆစွာ သုံးစွဲသူ ဦးသန်းထွန်းအား မလှိုင်မြို့မ ရဲစခန်း ကဆောင်ရွက်ထားရှိကြောင်း စုံးစမ်းသိရသည်။
ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မလှိုင်မြို့နယ်တွင် မီးလောင်ကျွမ်း၍ နေအိမ်တစ်လုံးနှင့် တဲတစ်လုံး ဆုံးရှုံးမှု ဖြစ်ပေါ်
Reviewed by THITHTOOLWIN
on
01:39
Rating:
![မလှိုင်မြို့နယ်တွင် မီးလောင်ကျွမ်း၍ နေအိမ်တစ်လုံးနှင့် တဲတစ်လုံး ဆုံးရှုံးမှု ဖြစ်ပေါ်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWk97B9VDDm-TAEC3eS3iYiW3JHZR_7Q4JnIq4-r7c-vHQVzn9mV9FEtWQC_W-RlBn8D3RZRMCXrLRXDBAdNdEJjF_tOjQ8cmhJd5v67pVVFHGjX0FG70NOzrmQAdwyFc0dSI5mPiFaX8/s72-c/12.jpg)