(ဟောင်ကောင်အမျိုးသားပါတီ HKNP ခေါင်းဆောင် Andy Chan ကို တွေ့ရစဉ်) |
စာချုပ်အရ ဟောင်ကောင်ကို ဗြိတိန်ထံက ပြန်လည်လွှဲပြောင်းယူခဲ့ပြီးတဲ့နောက် တရုတ်အစိုးရဟာ ဗြိတိန်နဲ့ သဘောတူထားတဲ့အတိုင်း ဟောင်ကောင်မှာ လွတ်လပ်စွာ ဖေါ်ပြခွင့်အပါအ၀င် တရုတ်ပြည်မမှာ မရရှိနိုင်တဲ့ လွတ်လပ်ခွင့်တွေကို ဆက်လက်ခံစားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာ အဲဒီလွတ်လပ်ခွင့်နယ်ပယ်တွေ ကျဉ်းမြောင်းလာခဲ့ပါတယ်။
မနေ့က ဖျက်သိမ်းခံခဲ့ရတဲ့ ဟောင်ကောင်အမျိုးသားပါတီ HKNP မှာ ဦးဆောင်သူအရေအတွက် တစ်ဒါဇင်လောက်သာ ရှိပေမယ့် ထင်ရှားတဲ့ ပါတီ ဖြစ်ပါတယ်။ ဟောင်ကောင်ကို ဗြိတိန်က တရုတ်ထံ ပြန်လွှဲအပ်ခဲ့တဲ့ ၂၁ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ဖျက်သိမ်းခံရတဲ့ ပါတီလည်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာနက စိုးရိမ်ကြောင်း ပြောဆိုလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဟောင်ကောင်လုံခြုံရေးဝန်ကြီးက ရဲတပ်ဖွဲ့အနေနဲ့ အမျိုးသားလုံခြုံရေး၊ အရပ်ဘက် လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေး၊ တစ်ပါးသူတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ရေးအတွက် ဟောင်ကောင် အမျိုးသားပါတီ ကို ဖျက်သိမ်းဖို့ ရဲတပ်ဖွဲ့က အဆိုပြုလာတဲ့အတွက် ဟောင်ကောင် အမျိုးသားပါတီကို ဖျက်သိမ်းခွင့် ပြုလိုက်တာဖြစ်ကြောင်း ပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ဟောင်ကောင်အမျိုးသားပါတီ ဖျက်သိမ်းခံရ
Reviewed by THITHTOOLWIN
on
10:23
Rating: