ရန်ကုန် စက်တင်ဘာ ၁၅
ဆေးပစ္စည်းများသယ်ဆောင်လာသော ကွန်တိန်နာယာဉ်တစ်စီး စက်တင်ဘာ ၁၄ ရက် ည ၁ဝ နာရီခွဲခန့်က ကြည့်မြင်တိုင်မြို့နယ် ဟံသာဝတီလမ်း အရိုးကုဆေးရုံဂိတ်အမှတ် (၃) အနီး၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။
ကွန်တိန်နာယာဉ်မောင်း သက်ထွန်းဦး မောင်းနှင်လာသော4D/--- ၂၂ ဘီး ကွန်တိန်နာယာဉ်သည် အလုံမြို့နယ်MIP ဝင်းအတွင်းမှ ဆေးပစ္စည်းများတင်ဆောင် ကာ ကမ်းနားလမ်းအတိုင်း မောင်းနှင်လာပြီး ဟံသာဝတီလမ်းမှ အရိုးကုဆေးရုံဝင်းအတွင်းဂိတ်အမှတ်(၃)သို့ ဝင်ရောက်စဉ် ဗို့အား ၄ဝဝရှိ လျှပ်စစ်ကြိုးနှင့် ကားခေါင်မိုး ငြိကာ ကားခေါင်မိုးပေါက်ပြီး မီးပွားများ စက္ကူနှင့် ပလတ်စတစ်အစများပေါ်သို့ ကျရာမှ မီးစတင်လောင်ရခြင်းဖြစ်ကြောင်း ကြည့်မြင်တိုင်မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးလောင်ရာသို့ အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးဆောင်သော အုပ်ချုပ်ရေး ယာဉ်တစ်စီးနှင့်အတူ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံမြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၃ဝ ကျော်တို့က သွားရောက်ငြှိမ်းသတ်ပေးမှု ကြောင့် ည ၁၁ နာရီခန့််တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ကွန်တိန်နာယာဉ်အတွင်း တင်ဆောင်လာသော ပစ္စည်း ငွေကျပ် ၂ဝဝဝဝဝ ခန့် ဆုံးရှုံးမှုရှိကြောင်းနှင့် ယာဉ်မောင်း သက်ထွန်းဦး (၃၂ နှစ်)ကို ကြည့်မြင်တိုင်မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆေးပစ္စည်းများသယ်ဆောင်လာသော ကွန်တိန်နာ မီးလောင်
Reviewed by THITHTOOLWIN
on
10:27
Rating:
![ဆေးပစ္စည်းများသယ်ဆောင်လာသော ကွန်တိန်နာ မီးလောင်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNpk1fEmbvdT0QEtnHVaJT2uxxfLaG0zVjw-4ZO_Zightiv4E_eNbvuxSoxRXRdBgqRqzuUqdnDglXawi7z2NyKJNUc-ifnuCP-FkpjyR2oEcPh33bsCZ8s4xe04Kwnqigmtk0vGOucbw/s72-c/5.jpg)