နိုင်ငံသားကဒ်ကိစ္စနဲ့ ကျောင်းဆရာခန့်အပ်မယ့်ကိစ္စတွေကို ကန့်ကွက်မယ့်အကြောင်း ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့မှာ အစည်းအဝေးပြုလုပ်ခဲ့စဉ် |
"ကန့်ကွက်တော့ ကန့်ကွက်ရမှာပေါ့။ မကန့်ကွက်ရင် နောက်ဖြစ်လာမယ့် ဆိုးကျိုးတွေက အများကြီးရှိတာမို့လို့ ကန့်ကွက်ကို ကန့်ကွက်ရမယ့် ကိစ္စဖြစ်တယ်။ ဘယ်လိုဖြစ်လာမလဲဆိုတော့ ဦးဇင်းတို့ ဒေသမှာ ဘင်္ဂါလီတွေကို တရားမ၀င်တဲ့သူတွေလို့ အထူးအားဖြင့် ဒီဒေသမှာရှိတဲ့လူတွေက လုံးဝလက်မခံနိုင်တဲ့အတွက် ဒီအတိုင်း လက်ခံနေရင် နိုင်ငံသား ဖြစ်သွားမယ်။ နိုင်ငံသားဖြစ်သွားရင် သူတို့က အဲ့ဒီအခွင့်အရေးတွေကို ယူပြီးတော့ သူတို့လုပ်ချင်တာမှန်သမျှကို ဆက်လက်ဆောင်ရွက်ကြမှာ ဒါကိုလည်း စိုးရိမ်ကြတယ်"
ဒီလို ကန့်ကွက်သွားဖို့ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်တွေ အပါအ၀င်၊ ကြံ့ခိုင်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်တိုးတက်ရေးပါတီတွေနဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် အယောက် ၂၀၀ ကျော်နဲ့ ဒီကနေ့ ဆွေးနွေးကြတာဖြစ်ပါတယ်။
RFA က ဆက်သွယ်မေးမြန်းတဲ့အချိန်ထိတော့ အစည်းအဝေးမပြီးသေးတာကြောင့် ဘယ်လိုကန့်ကွက်သွားမယ် ဆိုတာကို ဆွေးနွေးလို့ မပြီးသေးဘူးလို့ ပြောပါတယ်။
နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ သြဂုတ်လမှာ ကျောက်နီမော်ကျေးရွာက ကမန်လူမျိုး မဟုတ်တဲ့ အစ္စလာမ်ဘာသာဝင် အယောက် ၃ ထောင်ကျော်ကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသား စိစစ်ရေးကဒ်တွေ ထုတ်ပေးခဲ့ပါတယ်။
အလားတူ မောင်တောဒေသမှာ နေထိုင်တဲ့ ဆယ်တန်းအောင်နဲ့ ဘွဲ့ရ မွတ်စလင်လူငယ်တွေကို အစိုးရသင်ကြားရေး အထောက်ကူပြု ဆရာတွေအဖြစ် ခန့်အပ်ဖို့ မောင်တောခရိုင် ပညာရေးဌာက စက်တင်ဘာ ၁၄ ရက် နောက်ဆုံး ထားပြီး စာရင်းကောက်ယူခဲ့ပါတယ်။
RFA Burmese
https://www.rfa.org
နိုင်ငံသားကဒ်ကိစ္စနဲ့ ကျောင်းဆရာခန့်အပ်မယ့်ကိစ္စတွေကို စစ်တွေမြို့ခံတွေ ကန့်ကွက်မည်
Reviewed by THITHTOOLWIN
on
01:53
Rating: