![]() |
မက္ကဆီကိုတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ) |
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း Jaliscoပြည်နယ်တွင် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အချင်းဖြစ်ပွားချိန်မှာ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်ကဖြစ်ပြီး စက္ကူကဒ်ထူပြားများတင်ဆောင်လာသည့် ထရပ်ကားတစ်စီးသည် အရှိန်မြင့်မောင်းနှင်နေစဉ် ရုတ်တရက်တိမ်းမှောက်ပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ဘတ်စ်ကားကြီးတစ်စီးဖြင့် တိုက်မိခဲ့ကြောင်း ၄င်းဒေသ မြို့ပြကာကွယ်ဦးစီးဌာန က ပြောကြားခဲ့သည်။
ဘတ်စ်ကားပေါ်တွင် အားကစားအသုံးအဆောင်ပစ္စည်းစက်ရုံတစ်ခုမှ ၀န်ထမ်းများလိုက်ပါခြင်း ဖြစ် ကြောင်း ၊ သေဆုံးသူ ၈ ဦးတွင် ၅ ဦးမှာအမျိုးသားများဖြစ်ပြီး ၃ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း ၊ဒဏ်ရာရသူ ၁၀ ဦးအနက် ၆ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံမီဒီယာများ၏ သတင်းအရ သိရသည်။
လက်ရှိတွင် ယာဉ်မတော်တဆဖြစ်မှုအသေးစိတ်အကြောင်းအရာကို စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းသိရသည်။
(Xinhua)
http://www.xinhuamyanmar.com
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၈ ဦး သေဆုံး ပြီး ၁၀ ဦး ဒဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
01:34
Rating:
![မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းတွင် ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် လူ ၈ ဦး သေဆုံး ပြီး ၁၀ ဦး ဒဏ်ရာရရှိ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9XbJe7NziGLf6hCyP2t5tqogahBpbmz-mv2uF3nqs6EikJek93yMmWq44FwJ2nUAU6F0n2J9LNel2nZPpAeEcI8xL3EzI6YrWMKu5S4ZMfonMALdBbvegSgke68pI_rvuYUZ7ugGxqKk/s72-c/10.jpg)