ကလေးမြို့တွင် ကာလပေါက်ဈေးသိန်း ၅၀၀ ကျော် တန်ဖိုးရှိ သင်းခွေချပ်များ ဖမ်းဆီးရမိ


ကလေး စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် နတ်ချောင်း-ချောင်းခွ-ဝေဘူလ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယမန်နေ့က ကာလပေါက်ဈေး ၅၀၇၄၀၀၀၀ ကျပ်တန်ဖိုးရှိ ဆာလာအိတ်အတွင်းထည့်ထားသည့် တစ်အိတ်လျှင် ၅ ဒဿမ ၀၇၄ ပိဿာခန့်စီပါဝင်သော သင်းခွေချပ်အကြေးခွံ အိတ် ၂၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ် နတ်ချောင်းကျေးရွာရှိ ကလေး-ဂန့်ဂေါကားလမ်းပေါ် ကလေး-ဝေဘူလကားလမ်းဆုံ စစ်ဆေး ရှာဖွေရေးစခန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊မူးယစ်တပ်ဖွဲ့ နှင့်သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး စစ်ဆေး ရှာဖွေနေစဉ် ကလေးမြို့ဘက်မှ မောင်းနှင် လာသော ရွှေသဇင်ကားအသင်းတံဆိပ်ပါ ယာဉ်ကိုစစ်ဆေးခဲ့ရာမှ သင်းခွေချပ်များတွေ့ရှိရ၍ စစ်ဆေးမေးမြန်းခဲ့ရာ ထိုင်ခုံနံပါတ် (၃)တွင်လိုက်ပါလာသူ ဦးလားလ်မှိန်းလျံနာ၏ ပစ္စည်း များဖြစ်ကြောင်း သိရှိရ၍ လုံးဝကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်သည့် သင်းခွေချပ်အစိတ်အပိုင်း သင်းခွေချပ် အကြေးခွံများအား ခွင့်ပြုချက်မရှိဘဲလက်ဝယ်ထားရှိခြင်း သယ်ဆောင်ခြင်း များပြုလုပ် ခဲ့ကြသည့် ယာဉ်မောင်းနှင့်ပိုင်ရှင်ကို ကလေးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည် ။

သျှင်နေမင်း (ဂန့်ဂေါ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကလေးမြို့တွင် ကာလပေါက်ဈေးသိန်း ၅၀၀ ကျော် တန်ဖိုးရှိ သင်းခွေချပ်များ ဖမ်းဆီးရမိ ကလေးမြို့တွင် ကာလပေါက်ဈေးသိန်း ၅၀၀ ကျော် တန်ဖိုးရှိ သင်းခွေချပ်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.