![]() |
မန်းကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဖိလစ်ပိုင်က ဈေးတစ်ခုကို တွေ့ရစဉ် |
မုန်တိုင်းဟာ တစ်နာရီကို ၁၀၅ မိုင်နှုန်းနဲ့ ဖိလစ်ပိုင်မှာ တိုက်ခတ်ခဲ့ပြီး၊ ဒီနေ့ တနင်္ဂနွေနေ့မှာ တရုတ်ပြည် တောင်ပိုင်းကို ဦးတည်ရွေ့လျားသွားနေပါတယ်။
တရုတ်ပြည်ကနေတဆင့် မြန်မာနိုင်ငံ အရှေ့ပိုင်းကို စက်တင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ ၀င်ရောက်နိုင်ပြီး၊ ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ မိုးရွာနိုင်တယ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
မုန်တိုင်းကြောင့် မိုးကြီးနိုင်တဲ့အတွက် ရေလှောင်တမံတွေ၊ ဆက်စပ်အဆောက်အဦတွေ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါး၊ တာတမံတွေကို မကျိုးမပေါက်အောင် ကြိုတင်ပြင်ဆင်ထားဖို့ ဆည်မြောင်းဌာနကလည်း အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။
RFA Burmese
https://www.rfa.org
မန်းကွတ်မုန်တိုင်းကြောင့် မိုးများနိုင်တဲ့အတွက် ဆည်တွေ၊ ကန်တွေ သတိထားဖို့ မိုးဇလဌာန
Reviewed by THITHTOOLWIN
on
00:48
Rating:
![မန်းကွတ်မုန်တိုင်းကြောင့် မိုးများနိုင်တဲ့အတွက် ဆည်တွေ၊ ကန်တွေ သတိထားဖို့ မိုးဇလဌာန](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8ywLAxt6L3HXKP5u3MXtn_weB27Px_x-Y7rJbl-IODs51Q8pL2QzLWYg2uEhvpYQD2J00fClzWvElRwDE4uW5lNvs-1wLxqA4NUhWuQYFWLaWvSXVp2pRFFILzpHj8OcmQyun1H3lzk4/s72-c/5.jpg)