ဟောင်ကောင်ကို မန်ခွတ် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်

မန်ခွတ် တိုင်ဖွန်းမုန်တိုင်း ဟောင်ကောင်ကို ဝင်ရောက်
မန်ခွတ် တိုင်ဖုန်းမုန်တိုင်း ဟောင်ကောင်ကို ဝင်ရောက် လာပြီဖြစ်လို့ ဒေသခံတွေ အနေနဲ့ နေအိမ်ထဲမှာပဲ နေကြဖို့ အာဏာပိုင်တွေက သတိပေးထား ပါတယ်။

လေတိုက်နှုန်းဟာ တနာရီကို မိုင် ၁၁၀ နှုန်းရှိပြီး မိုးပျံတိုက်ကြီးတွေပါ ယိမ်းထိုးနေလို့ အာဏာပိုင်တွေက အမြင့်ဆုံး သတိပေးချက်တွေ ထုတ်ပြန်သတိပေးထားပါတယ်။

ဟောင်ကောင်မြို့တွင်းက အရောင်းဆိုင် အများအပြားနဲ့ အများပြည်သူ ပို့ဆောင်ရေး လုပ်ငန်းတွေလည်း ပိတ်ထားပြီးလို့ ဆိုပါတယ်။

မန်ခွတ် တိုင်ဖုန်းမုန်တိုင်း ဟောင်ကောင်ကို ဝင်ေ

ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ကို ဝင်ရောက် ထွက်ခွာကြမယ့် လေယာဉ် ခရီးစဉ် ၈၀၀ ကျော် ကိုလည်း ဖျက်သိမ်း လိုက်လို့ ခရီးသည် ၁ သိန်းကျော် ပိတ်မိ နေတယ်လို့ ဆိုပါတယ်။

မိုးကြီးပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေလို့ မြေပြို ကျနိုင်တဲ့ အခြေအနေတွေ ရှိလာနိုင်တယ် ဆိုပြီး အန္တရာယ် သတိပေးချက် တွေကို ဟောင်ကောင် အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက် မိုးသည်းထန်ရွာလို့ လူ ၁၀၀ ထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါ တယ်။

မန်ခွတ် တိုင်ဖွန်းမုန်တိုင်း ဟောင်ကောင်ကို ဝင်ရောက်
ဟောင်ကောင်ရဲ့ အိမ်နီးချင်း မကာအိုမှာလည်း မန်ခွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် ကာစီနို လောင်းကစား ခန်းမကြီးတွေ ကိုပါ ပိတ်ထားဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက လူဦးရေ ထူထပ် များပြားတဲ့ ဂွမ်ဒေါင်း ပြည်မှာလည်း မန်ခွတ် မုန်တိုင်း ချဉ်းကပ် လာလို့ အနီရောင်အဆင့် အမြင့်ဆုံး သတိပေးချက်တွေကို အာဏာပိုင်တွေက ထုတ်ပြန် သတိပေးထားပါတယ်။

မန်ခွတ် တိုင်ဖွန်းမုန်တိုင်းဟာ စနေနေ့က ဖိလစ်ပိုင် နိုင်ငံကို ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၂၅ ယောက် ရှိခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ဟောင်ကောင်ကို မန်ခွတ် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက် ဟောင်ကောင်ကို မန်ခွတ် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက် Reviewed by THITHTOOLWIN on 01:49 Rating: 5
Powered by Blogger.