ဖီဂျီကျွန်း တောင်ပိုင်း၌ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်

ငလျင်တည်နေရာပြမြေပုံ အားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

    နယူးယောက် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

    ဖီဂျီကျွန်းများ၏ တောင်ပိုင်းတွင် (စက်တင်ဘာ ၁၆ ရက် ) ဂရင်းနစ်စံတော်ချိန် ၂၁:၁၁:၄၈ နာရီတွင် ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိတိုင်းတာရေးဌာန ကဆိုသည်။

၎င်းငလျင်သည် အနက် ၅၆၉.၉၇ ကီလိုမီတာတွင် ဗဟိုပြု၍ တောင်လတ္တီကျူ့ ၂၅.၄၅၂၆ ဒီဂရီ နှင့် အရှေ့ လောင်ဂျီကျူ့ ၁၇၈.၂၁၉၈ အကြားတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးတိုင်းတာချက်များအရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဖီဂျီကျွန်း တောင်ပိုင်း၌ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ် ဖီဂျီကျွန်း တောင်ပိုင်း၌ ပြင်းအား ၆.၅ အဆင့်ရှိ ငလျင်လှုပ်ခတ် Reviewed by THITHTOOLWIN on 10:44 Rating: 5
Powered by Blogger.