![]() |
(ချီလီနိုင်ငံ သမ္မတဟောင်း Michelle Bachelet ကို တွေ့ရစဉ်) |
ဒီလို ခန့်အပ်မယ့်အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဒီလ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ လေးနှစ်သက်တမ်းပြည့်သွားလို့ ဒီလကုန်မှာ တာဝန်က အနားယူတော့မယ့် ဂျော်ဒန်မင်းသား Zeid Ra’ad al-Hussein နေရာကို Michelle Bachelet က ဆက်ခံမှာပါ။
သူဟာ ချီလီအာဏာရှင်ဟောင်း Augusto Pinochet လက်ထက်မှာ ညှင်းပန်း နှိပ်စက်ခံခဲ့ရပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ လည်းဖြစ်ပါတယ်။
ကလေးအထူးကုသမားတော်လည်းလုပ်ခဲ့ပြီး ၂၀၀၆ ကနေ ၂၀၁၀ ထိ သမ္မတ တာဝန်ယူချိန် အတွင်း သူချမှတ်တဲ့ အစိုးရ လူမှုဖူလုံရေး မူဝါဒတွေကို လူထုက ကြိုက်နှစ်သက်ကြရုံမက နိုင်ငံ့ စီးပွားရေးကလည်း ပုံမှန် တိုးတက်ခဲ့ပါတယ်။
၂၀၁၀ ကနေ ၂၀၁၃ မှာ ကျားမတန်းတူရေးနဲ့ အမျိုးသမီးစွမ်းရည်မြင့်မားရေးဆိုင်ရာ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ကို ဦးဆောင်ပြီးတဲ့နောက် ချီလီနိုင်ငံကို ပြန်သွားပြီး ၂၀၁၄ ကနေ ဒီနှစ် မတ်လထိ သမ္မတ တာဝန် တကျော့ပြန် ထမ်းဆောင်ပါတယ်။
တာဝန်က အနားယူတော့မယ့် ဂျော်ဒန်မင်းသား Zeid Ra’ad al-Hussein ကတော့ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ရုရှားအပါအ၀င် အင်အားကြီးနိုင်ငံတွေက သူ့ကို ထောက်ခံမှာ မဟုတ်တဲ့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မဟာမင်းကြီး ဒုတိယသက်တမ်း တာဝန် ထပ်ယူဖို့ မကြိုးစားဘူးလို့ ဒီလ အစောပိုင်းက ပြောခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
UNHRC အကြီးအကဲသစ်ကို အထွေထွေညီလာခံ အတည်ပြု
Reviewed by THITHTOOLWIN
on
09:47
Rating:
