![]() |
ရွှေသောင်ယံကမ်းခြေ |
ရုံးပိတ်ရက်တွေရတုန်း သဘာဝလေသန့်သန့်ကိုလည်းရှုချင် ရေကူးအပမ်းဖြေချင်သူတွေအတွက် သဘာဝအလှတွေနဲ့ ပြည့်နေတဲ့ ရွှေသောင်ယံကမ်းခြေကို ဧရာဝတီတိုင်းဒေသကြီး အတွင်းက သဘာဝကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။
![]() |
ရွှေသောင်ယံကမ်းခြေ |
အဲဒီဘက်ခြမ်းမှာ ကမ်းခြေမှာလည်း လမ်းလျှောက်ရင်း ပင်လယ်မြက်ခင်းပြင် (Sea Grass) ကို သွားကြည့်လေ့လာလို့ရပါတယ်။
ဒီရေကျချိန်တွေဆိုရင်တော့ ကျောက်တန်းကြီးတွေမှာ ဒေသခံတွေက ဂုံးကောက်နေကျတာကိုလည်း ကြည့်ရှုလေ့လာနိုင်ပါတယ်။
![]() |
ဂုံးကောက်နေကျတဲ့ ဒေသခံတွေ |
ပင်လယ်ရေကြည်ကြည်မှာ ရေကူးချင်တယ်ဆိုရင်တော့ ချောင်းရိုးလေးကို ဘယ်ဘက်အခြမ်းကမ်းကို သွားရပါမယ်။ အရင်ကတော့ သမ္ဗန်နဲ့ကူးရပြီး ၅ မိနစ် ကြာပါတယ်။
အခုချိန်မှာတော့ ချောင်းကူးတံတား တည်ဆောက်ပြီးလို့ ကား၊ ဆိုင်ကယ် သို့ လမ်းလျှောက်ပြီးလည်း သွားနိုင်ပါတယ်။
![]() |
ကမ်းခြေရဲ့ ညနေခင်းအလှ |
ဘယ်ဘက်အခြမ်းကမ်းခြေမှာပဲ ရွှေသောင်ယံဟိုတယ်ရှိသလို့ ဒေသခံတွေရဲ့ အိမ်တွေမှာလည်း တည်းခိုလို့ ရပါတယ်။ အစားအသောက် အတွက်ဆိုရင်လည်း ဒေသခံတွေရဲ့ လက်ရာကို မှာစားလို့ ရနိုင်ပါတယ်။
![]() |
ကမ်းခြေမှာ အပမ်းဖြေကစားနေကြသူတချို့ |
သူတို့ရဲ့ ကမ်းခြေလေးကို ပလတ်စတစ် အမှိုက်တွေနဲ့ ဖုံးလွှမ်းသွားမှာလည်း စိုးရိမ်ကြတယ်။ ဒါကြောင့် အလည်အပတ် လာရောက်တဲ့ မိတ်ဆွေတွေကို ကမ်းခြေမှာ အမှိုက်မပစ်ခြင်းအားဖြင့် ဒေသခံတွေအပေါ် အလေးထား အသိအမှတ်ပြုရင်း ဖိတ်ခေါ်ကြိုဆို နေကြနေပါတယ်။
BBC Burmese
https://www.bbc.com
သဘာဝအလှတွေကြားက ရွှေသောင်ယံကမ်းခြေ
Reviewed by THITHTOOLWIN
on
10:02
Rating:
